စီးပွားရေးအကြမ်းဖက်ဝါဒ

July 6, 2020

အမေရိကန်၏ဒဏ်ခတ်မှု စီးပွားရေးအကြမ်းဖက်ဝါဒဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်က အီရန်အပေါ်စီးပွားရေး ဒဏ်ခတ်မှုတွေ ချမှတ်တာဟာ စီးပွားရေး အကြမ်းဖက်ဝါဒပဲလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ် ဂျဗက် ဇာရိဖ်က ဇူလိုင်  ၅ ရက် လွှတ်တော်မိန့်ခွန်းအတွင်း ပြောပါတယ်။  “အမေရိကန်ဟာ အီရန်ကို ဗိုလ်ကျ အနိုင်ကျင့်နေခဲ့တယ်။ အီရန်နျူကလီးယား သဘောတူညီချက်ကို ခုခံနေရတယ်။ ဒါတွေဟာ အနာဂတ်မှာ ဂုဏ်ပြုမှတ်တမ်းအဖြစ် ရှုမြင်ခံရနိုင်တယ်။”  တချို့ အမတ်တွေကတော့ အစည်းအဝေးအတွင်း ဇာရိဖ်ရဲ့ စကားကို အတည်မပြုကြောင်း ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြပါတယ်။   ၂၀၁၈ မေလမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့ ရည်မှန်းထားတဲ့ ဘက်စုံပါဝင်တဲ့ သဘောတူညီချက်ကနေ အမေရိကန်ကို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စီးပွားရေးအကြပ်ရိုက်နေတဲ့ အီရန်ကိုလည်း ဒဏ်ခတ်မှု ပြန်ချမှတ်ခဲ့ပါတယ်။  ရေနံဈေး ကျဆင်းမှုနဲ့ကမ္ဘာ့စီးပွားရေး ထိုးဆင်းနေမှုကြောင့် အီရန်နိုင်ငံထဲမှာ စီးပွားရေး အကြပ်ရိုက်မှု နက်ရှိုင်းလာနေတာပါ။  အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူအသေ အပျောက် အများဆုံး တနိုင်ငံလည်း ဖြစ်ပါတယ်။
11 months Ago
Up