စီးပွားရေးအကျပ်အတည်း

October 21, 2019

လက်ဘနွန် စီးပွားရေးအကျပ်အတည်း ပြည်သူ သိန်းချီဆန္ဒပြ

လက်ဘနွန်နိုင်ငံမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ လေးရက်မြောက်နေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ နိုင်ငံတလွှား လမ်းမတွေပေါ်မှာ ပြည်သူ သိန်းချီ  ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ လက်ရှိ စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အစိုးရ ဆန့်ကျင်တဲ့ အင်အားအကြီးဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို စုဝေး တက်ရောက်လာတဲ့ လူပင်လယ်ကြီးဟာ လက်ဘနွန်နိုင်ငံ အလံတွေကို ဝှေ့ယမ်းနေပါတယ်။ အစိုးရကို တော်လှန်ကြဖို့ တောင်းဆိုနေကြတဲ့ အခင်းအကျင်းဟာ သမ္မတ လေးယောက် ပြုတ်ခဲ့တဲ့ ၂၀၁၁ အာရပ်တော်လှန်ရေးနဲ့ ဆင်တူတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အောက်တိုဘာ ၂၀ ရက်နေ့က မြို့တော် ဘေရွတ်မှာလည်း သောင်းချီတဲ့လူတွေ စုဝေးပြီး အာဇာနည်ရင်ပြင်၊ အယ်လ်အာမင်ဗလီနားနဲ့ အစိုးရဌာနတွေကို သွားတဲ့ လမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။  လက်ဘနွန်နိုင်ငံဟာ ကမ္ဘာ့ကြွေးမြီအများဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ဘဏ္ဍာရေး အကျပ်အတည်းကြောင့် နိုင်ငံ့စီးပွားရေး ရပ်တန့်နေမှုဟာ ဆန္ဒပြပွဲတွေကို ပိုမိုပြင်းထန်လာစေပါတယ်။  လက်ဘနွန်သမ္မတ ဆာ့အယ်ဟာရီရီကတော့ စီးပွားရေးအကျပ်အတည်း ပြေလျော့စေဖို့ အစိုးရရဲ့ မိတ်ဖက်တွေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်သွားမယ့် အစီအစဉ်တခုကို အောက်တိုဘာ ၂၀ ရက်နေ့က သဘောတူခဲ့ပါတယ်။  နိုင်ငံတလွှားမှာ စစ်သားတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေကို နေရာချထားပြီး သမ္မတ နန်းတော်ကို သွားတဲ့လမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။  ဘဏ်တွေကတော့ အောက်တိုဘာ ၂၁ ရက်နေ့အထိ ပိတ်ထားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂအဖွဲ့ကတော့ အထွေထွေသပိတ်ကြီး ဆင်နွှဲဖို့ ကြေညာထားပါတယ်။
2 years Ago

August 10, 2019

စီးပွားရေးအကျပ်အတည်း ကြုံနေရသည့် ဗင်နီဇွဲလားသို့ ထောက်ပံ့ရေးအကူ ပို့ဆောင်

စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရတဲ့ ဗင်နီဇွဲလားနိုင်ငံကို  ထောက်ပံ့ရေးအကူအညီ တန် ၁၀၀ လောက် ပို့ဆောင်ခဲ့တယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပြောလိုက်ပါတယ်။   သြဂုတ် ၉ ရက်က လူသားချင်းစာနာမှု  အကူအညီတွေဟာ ဗင်နီဇွဲလားနိုင်ငံကို ရောက်ခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်ကပြောပါတယ်။  “ကြက်ခြေနီအဖွဲ့ဟာ နိုင်ငံရေးအတွက် အကူညီတွေကို အသုံးမပြုဖို့ အမြဲတောင်းဆိုတယ်။ ကြက်ခြေနီအဖွဲ့အနေနဲ့ အဖွဲ့စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့   အာမခံပါတယ်။ ကြက်ခြေနီဝန်ထမ်းတွေရဲ့ ရည်ရွယ်ချက်ဟာ အားအနည်းဆုံးသူတွေကို ကူညီဖို့သာဖြစ်ပြီး တခြား ရည်ရွယ်ချက်မရှိဘူး” လို့ ကြက်ခြေနီ ကိုယ်စားလှယ်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။  ဗင်နီဇွဲလားနိုင်ငံကို ပထမဆုံး ပေးအပ်တဲအကူအညီဟာ ဧပြီလက ရောက်ခဲ့ပြီး အဲဒီကတည်းက အကူအညီတွေကို စတင်ဖြန့်ဝေနေပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလက အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို ကြားဖြတ်သမ္မတရာထူးကို  လက်ခံပြီးနောက်မှာ ဗင်နီဇွဲလားနိုင်ငံအတွင်း နိုင်ငံရေး အကျပ်အတည်းပေါ်ပေါက်ခဲ့ပါတယ်။
Zawgyi Version စီးပြားေရးအက်ပ္အတည္း ႀကဳံေနရသည့္ ဗင္နီဇြဲလားသို႔ ေထာက္ပံ့ေရးအကူ ပို႔ေဆာင္ DVB စီးပြားေရးအက်ပ္အတည္း ႀကဳံေတြ႕ေနရတဲ့ ဗင္နီဇြဲလားႏိုင္ငံကို ေထာက္ပံ့ေရးအကူအညီ တန္ ၁၀၀ ေလာက္ ပို႔ေဆာင္ခဲ့တယ္လို႔ ကမာၻ႔ၾကက္ေျခနီအဖြဲ႕က ေျပာလိုက္ပါတယ္။ ၾသဂုတ္ ၉ ရက္က လူသားခ်င္းစာနာမႈ အကူအညီေတြဟာ ဗင္နီဇြဲလားႏိုင္ငံကို ေရာက္ခဲ့တယ္လို႔ ၾကက္ေျခနီအဖြဲ႕ ကိုယ္စားလွယ္ကေျပာပါတယ္။ “ၾကက္ေျခနီအဖြဲ႕ဟာ ႏိုင္ငံေရးအတြက္ အကူညီေတြကို အသုံးမျပဳဖို႔ အၿမဲေတာင္းဆိုတယ္။ ၾကက္ေျခနီအဖြဲ႕အေနနဲ႔ အဖြဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို ေလးစားလိုက္နာဖို႔ အာမခံပါတယ္။ ၾကက္ေျခနီဝန္ထမ္းေတြရဲ႕ ရည္႐ြယ္ခ်က္ဟာ အားအနည္းဆုံးသူေတြကို ကူညီဖို႔သာျဖစ္ၿပီး တျခား ရည္႐ြယ္ခ်က္မရွိဘူး” လို႔ ၾကက္ေျခနီ ကိုယ္စားလွယ္က သတင္းေထာက္ေတြကိုေျပာခဲ့ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံကို ပထမဆုံး ေပးအပ္တဲအကူအညီဟာ ဧၿပီလက ေရာက္ခဲ့ၿပီး အဲဒီကတည္းက အကူအညီေတြကို စတင္ျဖန႔္ေဝေနပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလက အတိုက္အခံေခါင္းေဆာင္ ဟြမ္ဂြယ္ဒို ၾကားျဖတ္သမၼတရာထူးကို လက္ခံၿပီးေနာက္မွာ ဗင္နီဇြဲလားႏိုင္ငံအတြင္း ႏိုင္ငံေရး အက်ပ္အတည္းေပၚေပါက္ခဲ့ပါတယ္။
2 years Ago
Up