စီးပွားရေးလေကြောင်းခရီးစဉ်များ

November 16, 2020

စီးပွားရေးလေကြောင်းခရီးစဉ်များအတွက် ကျူးဘား လေဆိပ် ပြန်ဖွင့်

ကျူးဘားနိုင်ငံရဲ့ မြို့တော်ဟာဗားနားက လေဆိပ်ကို ပုံမှန်စီးပွားရေးလေကြောင်းခရီးစဉ်တွေအတွက် နိုဝင်ဘာ ၁၅ ရက်က ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အချိန် ၇ လခွဲကြာ ပိတ်ထားအပြီး ပြန်ဖွင့်ပေးလိုက်တာပါ။ ကျူးဘားနိုင်ငံ နေရာအများအပြားအတွက် ခရီးသွားလာခွင့်ကို အရင်လက ပြန်ဖွင့်ပေးခဲ့တာပါ။ ကျူးဘားအတွက် ခရီးသွားလုပ်ငန်းဟာ ထိပ်တန်းဝင်ပေးရှာပေးတဲ့ လုပ်ငန်းတွေထဲက တရပ်လည်း ဖြစ်ပါတယ်။  အာဏာပိုင်တွေဟာ နိုင်ငံခြား ခရီးသွားတွေကို လေဆိပ်ဆိုက်ရောက်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးမှာဖြစ်ပြီး တကိုယ်ရေ သန့်ရှင်းရေးလုပ်ငန်းစဉ် အသစ်တွေအတွက် အပိုကုန်ကျငွေတွေကို ကာမိမယ့် သန့်ရှင်းရေးခွန်ကို မြှင့်တင်မယ်လို့ အစိုးရ ရုပ်သံကနေ ကြေညာပါတယ်။ ကျူးဘားနိုင်ငံကို မလာခင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု လုပ်လာဖို့ မလိုအပ်ပေမယ့် ခရီးသည်တွေရဲ့ ကျန်းမာရေးကို သူတို့ကိုယ်တိုင် စောင့်ကြည့်နိုင်ရေး ကူညီဖို့ ခရီးသွားလုပ်ငန်းတွေကို အစိုးရက ပြောထားပါတယ်။ အရင်သီတင်းပတ်က ကျူးဘားမြောက်ပိုင်း ကမ်းခြေ အပန်းဖြေစခန်းကို လာခဲ့တဲ့ ရုရှား ခရီးသည်တွေကို လေဆိပ်ရောက်ရောက်ချင်း စစ်ဆေးရာမှာ အယောက် ၉၀၀ ထဲက ၁၁ ယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။
5 months Ago
Up