စီးပွားရေးလုပ်ငန်းငယ်

May 14, 2020

အိန္ဒိယအစိုးရက စီးပွားရေးလုပ်ငန်းငယ်လေးများအတွက်  ဒေါ်လာ ဘီလီယံ ၆၀ ထုတ်ချေးမည်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကပ်ဘေးကြောင့် စီးပွားရေးဆုံးရှုံးမှု တိုက်ဖျက်ရေး အစိတ်အပိုင်း အနေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ၊ ဘဏ်လေးတွေနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတွေ ကို အမေရိကန် ဒေါ်လာဘီလီယံ ၆၀ တန် ချေးငွေ ထုတ်ပေးဖို့ ကမ်းလှမ်းမယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။   ဒါဟာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက မေလ ၁၂ရက်မှာ ကြေညာတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေး ဆိုင်ရာ အမေရိကန်ဒေါ်လာ ၂၆၆ ဘီလီယံတန်  စီမံကိန်းရဲ့ အစိတ်အပိုင်းပါ။   ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး သီတင်းပတ်ချီ အသွားအလာ ကန့်သတ်ချက်ကြောင့် ထိခိုက်ခဲ့တဲ့ နိုင်ငံ့ စီးပွားရေးကို ပြန်ပံ့ပိုးဖို့ ရည်မှန်း ထားပါတယ်။   ဘဏ်တွေကနေ အတိုးမဲ့ ချေးငွေ ရနိုင်ရေး ကူညီမယ့် ချေးငွေ အာမခံတွေကို ထုတ်ပေးဖို့ အောက်တိုဘာလက စပြီး စီးပွားရေး လုပ်ငန်းပေါင်း ၄ ဒသမ ၅ သန်းကို ကူညီဖို့ ရည်မှန်းထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး နီယာမာလာ စီထာရာမန်က သတင်းထောက်တွေကို ပြောပါတယ်။ အပိုသုံးစွဲငွေနဲ့ ပြန်ရငွေ ကျဆင်းမှုတွေကြောင့် အိန္ဒိယရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ပုဂ္ဂလိက စီးပွားရေးပညာရှင် အများအပြားက ပြောနေပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ ဘဏ္ဍာရေး လိုငွေပြမှုရဲ့ သက်ရောက်မှုကို ထုတ်မပြောဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။ 
11 months Ago
Up