စီးပွားရေးမြို့တော်

November 6, 2019

နိုင်ဂျီးရီးယားနိုင်ငံ စီးပွားရေးမြို့တော် လာဂိုစ့်က  အထင်ကရဈေးကြီး မီးလောင် 

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂိုစ့်က  အထင်ကရဈေးတခုမှာ နိုဝင်ဘာ ၅ ရက်က အကြီးအကျယ် မီးလောင်နေတာကြောင့် မီးသတ်သမားတွေ ကြိုးစား ငြှိမ်းသတ်ခဲ့ကြရပါတယ်။ အင်္ဂါနေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ မီးစလောင်ခဲ့ပြီး ဈေးအဆောက်အအုံကနေ မီးခိုးငွေ့တွေ အလိပ်လိုက်ထွက်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မနက်ပိုင်း ဈေးဝယ်သူတွေ စည်ကားတဲ့အချိန်မှာ မီးလောင်တာကြောင့် ဈေးထဲက လူတွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ဈေးထဲက ဆိုင်ခန်းတွေဟာ  တဆိုင်နဲ့တဆိုင် ကပ်နေတာကြောင့် မီးထိန်းဖို့ ခက်ခဲတယ်လို့ လာဂိုစ့်မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။ လက်ရှိအချိန်ထိတော့ မီးလောင်တာကြောင့် ထိခိုက်သေဆုံးမှုတွေ မရှိသေးပေမယ့် ပစ္စည်းတော်တော်များများ မီးထဲ ပါသွားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျ မသိရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up