စီးပွားရေးထိပ်သီးဆွေးနွေးပွဲ

October 20, 2020

အစ္စရေး ပါဝင်သည့် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ UAE တွင် ပထမဆုံးအကြိမ် ကျင်းပ

အစ္စရေးကိုယ်စားလှယ်အဖွဲ့ ပါဝင်တဲ့ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲကို အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှာ အောက်တိုဘာ ၁၉ ရက်က ပထမဆုံး လက်ခံ ကျင်းပခဲ့ပါတယ်။  ဒီထိပ်သီးဆွေးနွေးပွဲမှာ အစ္စရေးနဲ့ UAE  ကိုယ်စားလှယ်တွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ထိုးခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူတွေကို မက်လုံးနဲ့ အကာအကွယ် အပြန်အလှန် ပေးအပ်ဖို့ သဘောတူခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စတီဗင်မြူချင်က အခုဆိုရင် နှစ်နိုင်ငံဟာ ဘုံရန်သူ အီရန်ကို  ရင်ဆိုင်ဖို့ ပိုမိုအသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။  ပြီးခဲ့တဲ့လမှာ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး အပြည့်အ၀ ထူထောင်ဖို့ UAE အစိုးရက တရားဝင် သဘောတူခဲ့ပါတယ်။ နောက်ပြီး ဝါရှင်တန်ဒီစီက အိမ်ဖြူတော်မှာ အေဘရာဟင်ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစ္စရေးနဲ့  ယူအေအီးတို့ လက်မှတ်ရေးထိုးခဲ့တာပါ။ 
1 year Ago
Up