စီးပွားရေးစီမံကိန်း

January 6, 2021

မြောက်ကိုရီးယား၏ စီးပွားရေးစီမံကိန်း ရည်မှန်းချက်မပြည့်မီဟု ကင်ဂျုံအန်း ပြော

မြောက်ကိုရီးယားရဲ့ ၅ နှစ်တာ စီးပွားရေးစီမံကိန်းမှာ ကဏ္ဍအားလုံးလိုလို ရည်မှန်းချက် မပြည့်မီခဲ့ဘူးလို့ ခေါင်းဆောင် ကင်ဂျုံအန်းက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ အာဏာရအလုပ်သမားပါတီကွန်ဂရက်ကို ဇန်နဝါရီ ၅ ရက်က စတင်ပြီး ကွန်ဂရက်အစည်းအဝေးကို ကင်နဲ့အတူ ထိပ်တန်းလက်ထောက်တွေလည်း တက်ရောက်ပါတယ်။ အဖွင့်မိန့်ခွန်းမှာ ခေါင်းဆောင် ကင်က မြောက်ကိုရီးယားဟာ နိုင်ငံ့အင်အားနဲ့ ကမ္ဘာ့အလယ် နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပြီး အံ့ဖွယ်အောင်မြင်မှုကို ရခဲ့တယ်လို့ ပြောပါတယ်။  ကင်ဟာ ၂၀၁၇ ခုနှစ်တုန်းက အောင်အောင်မြင်မြင် ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုကို ရည်ညွှန်းပြောဆိုတာပါ။ နိုင်ငံပိုင် KCNA ရုပ်သံက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ တခြားအခမ်းအနားတွေနဲ့ မတူဘဲ ကွန်ဂရက် တက်ရောက်သူတွေက နှာခေါင်းစည်း မတပ်ထားသလို တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာထိုင်တာမျိုးလည်း မတွေ့ရပါဘူး။ အာဏာရ အလုပ်သမားပါတီ ကွန်ဂရက်အစည်းဝေးဟာ ရက်ချီ ကြာမြင့်မှာဖြစ်ပြီး အစည်းအဝေးအတွင်း ကင်ဟာ သူရဲ့ ညီမဖြစ်သူ အပါအဝင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ကြေညာဖွယ်ရှိပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းဆိုင်ရာ၊ ဘတ်ဂျက်နဲ့ စာရင်းစစ်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ် မျှော်လင့်ရတယ်လို့ ရိုက်တာက တင်ပြပါတယ်။
10 months Ago
Up