စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းနဲ့ မြန်မာကုမ္ပဏီများအနာဂတ်

June 28, 2017

စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းနဲ့ မြန်မာကုမ္ပဏီများအနာဂတ်

  ကမ္ဘာ့စီးပွားရေးစနစ် အပြောင်းအလဲတွေဟာ မြန်မာနိုင်ငံနဲ့ ကင်းကွာနေသလိုမျိုး ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကတည်းကလို့ ဆိုရမှာပါ။ ကမ္ဘာမှာ ၁၈ ရာစု စက်မှုတော်လှန်ရေး ဆင်နွှဲချိန်အထိ မြန်မာနိုင်ငံမှာက မြေရှင်ပဒေသရာဇ်တို့ရဲ့ လယ်ထွန်မင်္ဂလာဆင်းနေချိန်ပဲ ရှိပါသေးတယ်။ သူတို့ဆီမှာတော့ မြေယာကို စွန့်ခွာလို့ မြို့ပြတွေပေါ် တက်လာပြီး စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်လာတယ်။ ဘူဇွာလူတန်းစားတွေ ပေါ်လာတယ်။ ဘူဇွာ ပေါ်လာတာနဲ့အတူ ကုမ္ပဏီတွေလည်း ဖွံ့ဖြိုးလာခဲ့တယ်။ သူတို့ဆီမှာတော့ ကုမ္ပဏီအတွေ့အကြုံဟာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာ ကုမ္ပဏီဆိုတဲ့ စီးပွားရေးအဖွဲ့အစည်း ရောက်တာဟာ ရာစုနှစ်နဲ့ချီပြီး နောက်ကျခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်လို့ ပြောနေကြပေမယ့် အင်္ဂလိပ်အစိုးရနဲ့ တိုက်ရိုက်ဖြစ်ခဲ့တာ မဟုတ်ဘူး။ တကယ်တော့ အရှေ့အိန္ဒိယကုမ္ပဏီနဲ့ မြန်မာဘုရင် ဖြစ်ခဲ့တာပါ။ အဲဒီအချိန်ထိ မြန်မာတို့မှာ ကုမ္ပဏီဆိုတဲ့ စီးပွားရေးပုံသဏ္ဌာန် မရှိသေးပါဘူး။ ပထမစစ်မှာ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်တို့ ရရှိပြီးချိန်မှာတော့ အရှေ့အိန္ဒိယကုမ္ပဏီရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုမှုနဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရောက်လာကြတယ်။ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာတော့ ကုမ္ပဏီစပေါ်နေပါပြီ။ ဒါပေမယ့် ဒေသခံတိုင်းရင်းသားပိုင်ကုမ္ပဏီနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ အခုထိ မတွေ့ရသေးပါဘူး။ အိန္ဒိယကုန်သည်ကြီးတွေ ရောက်လာတယ်။ ကုမ္ပဏီတွေ ထောင်ကြတယ်။ သိသိသာသာ ဖွံ့ဖြိုးလာခဲ့တာက ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ြဖစ်ပြီးချိန်မှ အစပြုခဲ့တာပါ။ ဆန်ကုန်သည်ကြီးတွေ၊ သစ်ကုမ္ပဏီ၊ ရေနံ၊ မီးရထား၊ မီးသင်္ဘော၊ ဆိပ်ကမ်း ကုန်တင်ကုန်ချမှအစ လုပ်ငန်းအတော်များများ စီးပွားရေးသင်းပင်းနဲ့ ကုမ္ပဏီတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် အထက်မြန်မာနိုင်ငံမှာတော့ ပဒေသရာဇ်ကာလ စီမံခန့်ခွဲမှုမှာပဲ ရှိနေဆဲပါ။ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရာက်ပြီးချိန်မှာတော့ ကမ္ဘာ့စီးပွားရေးနဲ့အတူ မြန်မာ့စီးပွားရေး တိုးတက်လာခဲ့တယ်လို့ ဆိုရမှာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ ကုမ္ပဏီနဲ့ပတ်သက်တဲ့ ဥပဒေကို ၁၉၁၃ ခုနှစ်ရောက်မှ ပြဋ္ဌာန်းနိုင်ခဲ့တာပါ။ ဗမာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (Burma Companies Act 1913) ဆိုပြီး ၂၀ ရာစုဆန်းစမှ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီဥပဒေကို အထောက်ကူဖြစ်စေဖို့ ၁၉၂၉ ခုနှစ်မှာတော့ ကုန်သွယ်ရေး အငြင်းပွားမှုဥပဒေ (Trade DisPutesAct) ကို ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် ဒီဥပဒေကိုတော့ ခေတ်မမီတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၂ ခုနှစ်မှာ ရုပ်သိမ်းလိုက်ပါတယ်။ ‘မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ’ကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅ ခုနှစ်မှာ အနည်းငယ်ပြုပြင်ပြီး ဆက်လက်သုံးစွဲခဲ့တယ်။ ၁၉၅၇ မှာတော့ “ကုမ္ပဏီများ စည်းမျဉ်း” ကို ပြဋ္ဌာန်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေကိုပါ ပြည်သူပိုင်အဖြစ် သိမ်းယူပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ချမှတ်အကောင်ထည်ဖော်ခဲ့တယ်။ ဒီအချိန်ကစလို့ ပုဂ္ဂလိကပိုင် စီးပွားရေးနဲ့အတူ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာလည်း ရပ်ဆိုင်းသွားပါတော့တယ်။ သေချာပြန်တွက်ကြည့်တော့ မြန်မာတွေရဲ့ ကုမ္ပဏီအတွေ့အကြုံနဲ့ အသိဟာ နှစ်ပေါင်း ၅၀ ခန့်သာ ရှည်ကြာခဲ့တယ်။ ဒီကတည်းက ကင်းပြတ်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာ ၁၉၈၈ နောက်ပိုင်း ပြန်လည်အသက်ဝင်လာခဲ့ပြန်ပါတယ်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ကုမ္ပဏီများအက်ဥပဒေကို အနည်းငယ်ပြင်ဆင်ပြီး တံခါးဖွင့်စီးပွားရေးကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ နိုင်ငံတကာစံနှုန်းနဲ့ အဆင်မပြေနိုင်တော့တဲ့အတွက် ၂၀၁၇ ခုနှစ်ထဲမှာပဲ အစိုးရသစ်က အများပြည်သူ လေ့လာနိုင်ဖို့ ကုမ္ပဏီများဆိုင်ရာ ဥပဒေမူကြမ်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ တကယ်တော့ ကုမ္ပဏီဥပဒေဟာ မြန်မာလူထုနဲ့ စိမ်းနေသေးတယ် ဆိုတာလည်း အမှန်ပါ။ ဒီဥပဒေနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးစရာတွေကလည်း များပြားလှပါတယ်။ ဒါကိုတော့ ဒီဗွီဘီရဲ့ “ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ” အစီအစဉ်မှာ အစီစဉ်တင်ဆက်သူ ဦးခင်သန်းက ဥပဒေရဲ့ အားသာချက် အားနည်းချက်တွေကို မေးမြန်းရာမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ “နိုင်ငံတကာစံနှုန်းနဲ့အညီ ရေးဆွဲထားတာပါ” လို့ ဆိုပါတယ်။ ဒါရိုက်တာတယောက် ကုမ္ပဏီတခုနဲ့ ဖွဲ့ခွင့်ရှိနေတဲ့ ကိစ္စရပ်ကတော့ ပြန်စဉ်းစားပေးရမယ် ထင်တယ်လို့လည်း ဦးအေးလွင်က ဥပဒေရဲ့လိုအပ်ချက်အဖြစ် ပြောသွားလိုဟန်ပါပဲ။ တဆက်တည်းမှာပဲ တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်က “နိုင်ငံခြားသားတွေရဲ့ ပိုင်ခွင့်ကို လျှော့ချပေးတာဟာ ရင်းနှီးမြှုပ်နှံမှု လာအောင် မက်လုံးပေးထားတာပါ။ ကုမ္ပဏီ ကျင့်သားမရသေးမီမှာ လစ်ဟာမှုတွေတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် ရေရှည်မှာတော့ ဒီဥပဒေဟာ ကုမ္ပဏီတွေအတွက် အဆင်ပြေသွားမှာပါ” လို့ ဆွေးနွေးသွားပါတယ်။ နိုင်ငံခြားရင်းနှီးလိုသူတွေရဲ့ မယုံမရဲစိတ်ကိုတော့ နိုင်ငံခြား Law Farm အကြံပေး ဒေါ်ခင်ထွေးမြင့်က “နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေက ဥပဒေထက်ကျော်ပြီး လုံလောက်တဲ့ အကာအကွယ်ကို တောင်းကြပါတယ်။ ဒါဟာ ဥပဒေကို မယုံသေးဘူးဆိုတဲ့ သဘောဆောင်နေတယ်” လို့ ဆိုပါတယ်။ အများပြည်သူ လေ့လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာပေမယ့်လည်း အလွယ်တကူ လေ့လာဖို့တော့ ခက်ခဲမှာပါ။ အခန်းပေါင်း ၃၂ ခန်းပါရှိတဲ့ ဥပဒေကြမ်းဟာ ကုမ္ပဏီလုပ်ငန်းနဲ့ စိမ်းနေသေးတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေ လေ့လာရေး သုံးသပ်နိုင်စွမ်းဟာ စိန်ခေါ်မှုတခုလို ဖြစ်နေမလားလို့ ထင်မြင်မိပါတယ်။ တပြိုင်တည်း နိုင်ငံသားလုပ်ငန်းရှင်တွေဟာ နိုင်ငံခြားလုပ်ငန်းရှင်တွေကို ငွေအား နည်းပညာအားနဲ့ လုပ်နိုင်စွမ်းအားတွေမှာ ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတဲ့ သံသယကလည်း ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေတာလည်း အမှန်ပါပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘက် လှည့်ကြည့်ပြန်တော့လည်း ကုမ္ပဏီဥပဒေအပေါ် နိုင်ငံခြားသားတွေ မယုံကြည်နိုင်သေးတာက အဟန့်အတား ဖြစ်စေပြန်ပါတယ်။ အဆိုးဝါးဆုံးကတော့ ခရိုနီစီးပွားရေး ချုပ်ကိုင်မှုကနေ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေအောက်ကို ခရိုနီတွေ တရားမျှတစွာ ဆက်လက်ရပ်တည်လာပါ့မလား ဆိုတာကလည်း ပြဿနာတရပ် ဖြစ်လို့နေပြန်ပါတယ်။ အစကတည်းက သန္ဓေမမှန်ခဲ့တဲ့ မြန်မာစီးပွာရေးလောကကို ပြန်လည်တည့်မတ်ဖို့ ဆိုရင် ကုမ္ပဏီများဆိုင်ရာ ဥပဒေကြမ်းဟာ ခိုင်ကျည်တဲ့ဥပဒေ ဖြစ်ဖို့လိုမှာပါ။ ဥပဒေရဲ့ ခိုင်ကျည်တိကျမှု အားပျော့သွားခဲ့ရင်တော့ မြန်မာစီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသွားနိုင်သလို ကုမ္ပဏီတွေရဲ့ အနာဂတ်ဟာလည်း စာရင်းမဲ့အင်းမဲ့ အရင်လို အခြေအနေနဲ့ ဖွံ့ဖြိုးမှု နှေးကွေးဆုံးနိုင်ငံအဖြစ် တကျော့ပြန်မှာကို စိုးရိမ်မိပါကြောင်း။ ထွန်းဇော်ဌေး
4 years Ago

April 28, 2017

စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းနဲ့ မြန်မာကုမ္ပဏီများအနာဂတ်

  ကမ္ဘာ့စီးပွားရေးစနစ် အပြောင်းအလဲတွေဟာ မြန်မာနိုင်ငံနဲ့ ကင်းကွာနေသလိုမျိုး ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကတည်းကလို့ ဆိုရမှာပါ။ ကမ္ဘာမှာ ၁၈ ရာစု စက်မှုတော်လှန်ရေး ဆင်နွှဲချိန်အထိ မြန်မာနိုင်ငံမှာက မြေရှင်ပဒေသရာဇ်တို့ရဲ့ လယ်ထွန်မင်္ဂလာဆင်းနေချိန်ပဲ ရှိပါသေးတယ်။ သူတို့ဆီမှာတော့ မြေယာကို စွန့်ခွာလို့ မြို့ပြတွေပေါ် တက်လာပြီး စက်ရုံ အလုပ်ရုံတွေ တည်ထောင်လာတယ်။ ဘူဇွာလူတန်းစားတွေ ပေါ်လာတယ်။ ဘူဇွာ ပေါ်လာခြင်းနဲ့အတူ ကုမ္ပဏီတွေလည်း ဖွံ့ဖြိုးလာခဲ့တယ်။ သူတို့ဆီမှာတော့ ကုမ္ပဏီ အတွေ့အကြုံဟာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာ ကုမ္ပဏီဆိုတဲ့ စီးပွားရေးအဖွဲ့အစည်း ရောက်တာဟာ ရာစုနှစ်နဲ့ချီပြီး နောက်ကျခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်လို့ ပြောနေကြပေမယ့် အင်္ဂလိပ်အစိုးရနဲ့ တိုက်ရိုက်ဖြစ်ခဲ့တာ မဟုတ်ဘူး။ တကယ်တော့ အရှေ့အိန္ဒိယကုမ္ပဏီနဲ့ မြန်မာဘုရင် ဖြစ်ခဲ့တာပါ။ ဒီအချိန်ထိ မြန်မာတို့မှာ ကုမ္ပဏီဆိုတဲ့ စီးပွားရေးပုံသဏ္ဌာန် မရှိသေးပါဘူး။ ပထမစစ်မှာ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်တို့ ရရှိပြီးချိန်မှာတော့ အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုမှုနဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရောက်လာကြတယ်။ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာတော့ ကုမ္ပဏီ စပေါ်နေပါပြီ။ ဒါပေမယ့် ဒေသခံ တိုင်းရင်းသားပိုင် ကုမ္ပဏီနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ အခုထိ မတွေ့ရသေးပါဘူး။ အိန္ဒိယ ကုန်သည်ကြီးတွေ ရောက်လာတယ်။ ကုမ္ပဏီတွေ ထောင်ကြတယ်။ သိသိသာသာ ဖွံ့ဖြိုးလာခဲ့တာက ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်ပြီးချိန်မှ အစပြုခဲ့တာပါ။ ဆန်ကုန်သည်ကြီးတွေ၊ သစ်ကုမ္ပဏီ၊ ရေနံ၊ မီးရထား မီးသင်္ဘော၊ ဆိပ်ကမ်းကုန်တင်ကုန်ချမှအစ လုပ်ငန်းအတော်များများ စီးပွားရေးသင်းပင်းနဲ့ ကုမ္ပဏီတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် အထက်မြန်မာနိုင်ငံမှာတော့ ပဒေသရာဇ်ကာလ စီမံခန့်ခွဲမှုမှာပဲ ရှိနေဆဲပါ။ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီးချိန်မှာတော့ ကမ္ဘာ့စီးပွားရေး နဲ့အတူ မြန်မာစီးပွားရေး တိုးတက်လာခဲ့တယ်လို့ ဆိုရမှာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ ကုမ္ပဏီနဲ့ပတ်သက်တဲ့ ဥပဒေကို ၁၉၁၃ ခုနှစ်ရောက်မှ ပြဋ္ဌာန်းနိုင်ခဲ့တာပါ။ ဗမာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ (Burma Companies Act 1913) ဆိုပြီး ၂၀ ရာစုဆန်းစမှ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီဥပဒေကို အထောက်ကူဖြစ်စေဖို့ ၁၉၂၉ ခုနှစ်များတော့ ကုန်သွယ်ရေး အငြင်းပွားမှုဥပဒေ (Trade DisPutesAct) ကို ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် ဒီဥပဒေကိုတော့ ခေတ်မမီတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၂ ခုနှစ်မှာ ရုပ်သိမ်းလိုက်ပါတယ်။ “မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ”ကတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၅ ခုနှစ်မှာ အနည်းငယ်ပြုပြင်ပြီး ဆက်လက်သုံးစွဲခဲ့တယ်။ ၁၉၅၇ မှာတော့ “ကုမ္ပဏီများ စည်းမျဉ်း”ကို ပြဋ္ဌာန်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေကိုပါ ပြည်သူပိုင်အဖြစ် သိမ်းယူပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ချမှတ်အကောင်ထည်ဖော်ခဲ့တယ်။ ဒီအချိန်ကစလို့ ပုဂ္ဂလိကပိုင်စီးပွာရေးနဲ့အတူ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာလည်း ရပ်ဆိုင်းသွားပါတော့တယ်။ သေချာပြန်တွက်ကြည့်တော့ မြန်မာတွေရဲ့ ကုမ္ပဏီအတွေ့အကြုံနဲ့ အသိဟာ နှစ်ပေါင်း ၅၀ ခန့်သာ ရှည်ကြာခဲ့တယ်။ ဒီကတည်းက ကင်းပြတ်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာ ၁၉၈၈ နောက်ပိုင်း ပြန်လည်အသက်ဝင်လာခဲ့ပြန်ပါတယ်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ကုမ္ပဏီများအက်ဥပဒေကို အနည်းငယ်ပြင်ဆင်ပြီး တံခါးဖွင့် စီးပွားရေးကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ နိုင်ငံတကာစံနှုန်းနဲ့ အဆင်မပြေနိုင်တော့တဲ့အတွက် ၂၀၁၇ ခုနှစ်ထဲမှာပဲ အစိုးရသစ်က အများပြည်သူ လေ့လာနိုင်ဖို့ ကုမ္ပဏီများဆိုင်ရာ ဥပဒေမူကြမ်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီတပတ်ရဲ့ “ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ” အစီစဉ်မှာ ဆွေးနွေး တင်ဆက်ဖို့ အကြောင်းဖန်လာတာပါ။ တကယ်တော့ ကုမ္ပဏီဥပဒေဟာ မြန်မာလူထုနဲ့ စိမ်းနေသေးတယ် ဆိုတာလည်း အမှန်ပါ။ ဒီဥပဒေနဲ့ပတ်သက်လို့ ပြောဆို ဆွေးနွေးစရာတွေကလည်း များပြားလှပါတယ်။ ဒါကိုတော့ အစီအစဉ် တင်ဆက်သူ ဦးခင်သန်းက ဥပဒေရဲ့ အားသာချက်၊ အားနည်းချက်တွေကို မေးမြန်းရာမှာ ဦးအေးလွင် (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်)ကတော့ “နိုင်ငံတကာစံနှုန်းနဲ့အညီ ရေးဆွဲထားတာပါ” လို့ ဆိုပါတယ်။ ဒါရိုက်တာတယောက်၊ ကုမ္ပဏီတခုနဲ့ ဖွဲ့ခွင့်ရှိနေတဲ့ ကိစ္စရပ်ကတော့ ပြန်စဉ်းစားပေးရမယ် ထင်တယ်လို့လည်း ဦးအေးလွင်က ဥပဒေရဲ့ လိုအပ်ချက်အဖြစ် ပြောသွားလိုဟန်ပါပဲ။ တဆက်တည်းမှာပဲ တရားလွှတ်တော်ရှေ့ နေဦးမင်းစိန်က “နိုင်ငံခြားသားတွေရဲ့ ပိုင်ခွင့်ကို လျှော့ချပေးတာဟာ ရင်းနှီးမြှုပ်နှံမှု လာအောင် မက်လုံးပေးထားတာပါ။ ကုမ္ပဏီ ကျင့်သားမရသေးမီမှာ လစ်ဟာမှုတွေတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် ရေရှည်မှာတော့ ဒီဥပဒေဟာ ကုမ္ပဏီတွေအတွက် အဆင်ပြေသွားမှာပါ”လို့ သူ့ထင်မြင်ချက်ကို ဆွေးနွေးသွားပါတယ်။ နိုင်ငံခြား ရင်းနှီးလိုသူတွေရဲ့ မယုံမရဲစိတ်ကို ဒေါ်ခင်ထွေးမြင့်(နိုင်ငံခြား Law Farm အကြံပေး)က “နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေက ဥပဒေထက်ကျော်ပြီး လုံလောက်တဲ့ အကာအကွယ်ကို တောင်းကြပါတယ်။ ဒါဟာ ဥပဒေကို မယုံသေးဘူးဆိုတဲ့သဘော ဆောင်နေတယ်”လို့ ဆိုပါတယ်။ အများပြည်သူ လေ့လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာပေမယ့်လည်း အလွယ်တကူ လေ့လာဖို့တော့ ခက်ခဲမှာပါ။ အခန်းပေါင်း ၃၂ ခန်းပါရှိတဲ့ ဥပဒေကြမ်းဟာ ကုမ္ပဏီလုပ်ငန်းနဲ့ စိမ်းနေသေးတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေ လေ့လာရေး သုံးသပ်နိုင်စွမ်းဟာ စိန်ခေါ်မှုတခုလို ဖြစ်နေမလားလို့ ထင်မြင်မိပါတယ်။ တပြိုင်တည်း နိုင်ငံသားလုပ်ငန်းရှင်တွေဟာ နိုင်ငံခြား လုပ်ငန်းရှင်တွေကို ငွေအား၊ နည်းပညာအားနဲ့ လုပ်နိုင်စွမ်းအားတွေမှာ ယှဉ်ပြိုင်နိုင်ပါ့မလား ဆိုတဲ့ သံသယကလည်း ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေတာလည်း အမှန်ပါပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘက် လှည့်ကြည့်ပြန်တော့လည်း ကုမ္ပဏီဥပဒေအပေါ် နိုင်ငံခြားသားများရဲ့ မယုံကြည်နိုင်သေးခြင်းက အဟန့်အတား ဖြစ်စေပြန်ပါတယ်။ အဆိုးဝါးဆုံးကတော့ ခရိုနီစီးပွားရေးချုပ်ကိုင်မှုကနေ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေအောက်ကို ခရိုနီတွေ တရားမျှတစွာ ဆက်လက် ရပ်တည်လာပါ့မလား ဆိုတာကလည်း ပြဿနာတရပ် ဖြစ်လို့နေပြန်ပါတယ်။ အစကတည်းက သန္ဓေမမှန်ခဲ့တဲ့ မြန်မာ့စီးပွာရေးလောကကို ပြန်လည်တည့်မတ်ဖို့ဆိုရင် ကုမ္ပဏီများဆိုင်ရာ ဥပဒေကြမ်းဟာ ခိုင်ကျည်တဲ့ဥပဒေ ဖြစ်ဖို့လိုမှာပါ။ ဥပဒေရဲ့ ခိုင်ကျည်တိကျမှု အားပျော့သွားခဲ့ရင်တော့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးသွားနိုင်သလို ကုမ္ပဏီတွေရဲ့ အနာဂတ်ဟာလည်း စားရင်မဲ့အင်းမဲ့ အရင်လို အခြေအနေနဲ့ ဖွံ့ဖြိုးမှု နှေးကွေးဆုံးနိုင်ငံအဖြစ် တကျော့ပြန်မှာကို စိုးရိမ်မိပါကြောင်း။ ဒီဗွီဘီ
4 years Ago
Up