ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်ဟာ ကမ္ဘာ့ထိပ်သီး စီးပွားရေး ၇၇ နိုင်ငံ ညီလာခံမှာ ဇန်နဝါရီ ၁၅ ရက်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဆာမေးရှူခရီက သဘာပတိနေရာကို ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်ဆီ လွှဲပေးပါတယ်။
အစ္စရေးအစိုးရဟာ အရှေ့အလယ်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့နေတယ်လို့ အာဘတ်စ်က ကုလသမဂ္ဂမှာ ပြောပါတယ်။
"နိုင်ငံခြားသား သိမ်းပိုက်မှုအောက်မှာ ကျေန်ာတို့ပြည်သူတွေ ဒုက္ခရောက်နေတယ်" လို့ အာဘတ်စ်က ပြောပါတယ်။
G77 ရဲ့ သဘာပတိနေရာကို ပါလက်စတိုင်းက ရလာတယ်ဆိုတာဟာ ကုလသမဂ္ဂရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး ပါလက်စတိုင်းကို ခွင့်ပြုမယ့်သဘောပဲလို့ မီဒီယာတွေက အစီရင်ခံပါတယ်။
ပါလက်စတိုင်းက G77 ရဲ့ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်မယ့်အရေးကို အောက်တိုဘာလက အမေရိကန်၊ အစ္စရေးနဲ့ သြစတြေးလျတို့က ဆန့်ကျင်ပြီး ကန့်ကွက်မဲ ပေးခဲ့တာပါ။
ဒါပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင် ၁၄၆ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။ နိုင်ငံ ၁၅ နိုင်ငံက အစည်းအဝေး ပျက်ကွက်ပြီး ၂၉ နိုင်ငံကတော့ မဲမပေးခဲ့ပါဘူး။
ပါလက်စတိုင်းတွေက အရှေ့ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းပါး ဒေသတွေကို စုစည်းပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ချင်နေပါတယ်။
အစ္စရေးက အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ပါလက်စတိုင်းပိုင်နက် တချို့ကို သိမ်းပိုက်ပြီး အရှေ့ဂျေရုဆလင်ကို ကျူးကျော်ခဲ့ပါတယ်။ အစ္စရေးရဲ့ ဒီလုပ်ရပ်အပြီး ပိုင်နက်ကို နိုင်ငံတကာက အသိအမှတ် မပြုပါဘူး။
၂၀၁၂ မှာ ပါလက်စတိုင်းနိုင်ငံရဲ့ အချုပ်အခြာကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုပေးခဲ့ပါတယ်။
2 years Ago