Distinguished Gentleman 's Ride... by dvburma
ဆီကျိတ်ကင်ဆာနဲ့ စိတ်ခွန်အားအတွက် လူသိများနားလည် မြင့်မားစေဖို့ ရည်ရွယ်တဲ့ Distinguished Gentleman 's Ride ဆိုင်ကယ် စီးနင်းပွဲကို စက်တင်ဘာ ၂၄ ရက်က တောင်ကြီး မြို့မှာပြုလုပ်ပါတယ်။
ဆီးကျိတ်ကင်ဆာရောဂါကို လူတွေပိုမိုသိလာအောင်၊ သတိထားမိလာအောင် ဆိုင်ကယ်စီးနင်းပွဲကို အနုပညာရှင် သက်မွန်မြင့်က ပါဝင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ် စီးနင်းပွဲမှာ gentleman ဆန်ဆန်ဝတ်ဆင်ပြီး ဆိုင်တင် ဆိုင်ကယ်မဟုတ်ဘဲ ထူးခြားတဲ့ဆိုင်ကယ်တွေကို စီးနင်းသွားကြပါတယ်။
ဒီပြိုင်ပွဲကို မြန်မာတနိုင်ငံလုံး ဆိုင်ကယ်စီးဝါသနာရှင် ၁၀၀ ကျော် လာရောက်စီးနင်းခဲ့ပါတယ်။
တောင်ကြီးမြို့ အထွက် ၇ မိုင်ကစတင်စီးနင်းပြီး တောင်ကြီး မြို့ ကိုဖြတ်ကာ ညောင်ရွှေမြို့အထိ စီးနင်းသွားကြပြီး ရှေးဟောင်းဆိုင်ကယ်မျိုးစုံ ပါဝင်ခဲ့ပါတယ်။
4 years Ago