စီးနင်းသူနည်းပါး

October 9, 2017

Yangon Water Bus တတိယနေ့ပြေးဆွဲ၊ စီးနင်းသူနည်းပါး

Yangon Water Bus ပြေးဆွဲတဲ့ တတိယမြောက်နေ့ မနက်ပိုင်းမှာတော့ လာရောက်စီးနင်းသူ နည်းပါးခဲ့တာကို တွေ့ခဲ့ရပါတယ်။ အများပြည်သူ သီတင်းကျွတ်ရုံးပိတ်ကုန်ဆုံးပြီး ရုံးဖွင့်ရက်ဖြစ်တဲ့ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့ မနက်မှာတော့ အရင်ရက်တွေထက် လာရောက်စီးနင်းသူနည်းပါးနေတာပါ။ ရုံးဝန်ထမ်းအချို့က လာရောက်စုံးစမ်းခဲ့ပေမယ့် ဆိုက်ရောက်ထွက်ခွာချိန်က နောက်ကျ နေတာကြောင့် Water Bus မစီးနင်းတော့ဘဲ ပြန်သွားတာတွေလည်း ရှိခဲ့ပါတယ်။
4 years Ago
Up