မန်ချက်စတာစီးတီးအသင်းကို ပိုင်ဆိုင်တဲ့ စီးတီးဘောလုံးအုပ်စုဟာ အိန္ဒိယ အခြေစိုက် မွန်ဘိုင်းစီးတီးအသင်းရဲ့ ပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းကို အပြီးသတ်ဝယ်ယူနိုင်ခဲ့ ပြီလို့သိရပါတယ်။
မွန်ဘိုင်းစီးတီးအသင်းဟာ စီးတီးဘောလုံးအုပ်စုရဲ့ ၈သင်းမြောက် အသင်းဖြစ်လာခဲ့ပြီး အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး၊ ဩစတြေးလျကလပ် မဲလ်ဘုန်းစီးတီး၊ J league ကလပ် ယိုကိုဟားမား အက်ဖ်မားရီးနိုစ့် ကလပ်အသင်း တို့ကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပါတယ်။
မန်စီးတီးဘောလုံးအုပ်စုရဲ့ ဥက္ကဋ္ဌ ခဲလ်ဒွန်အဲလ်မူဘာရက်ခ်ကတော့ အခုလို ဝယ်ယူခဲ့တာကြောင့် မွန်ဘိုင်းစီးတီး အသင်းအတွက် တိုးတက်ပြောင်းလဲလာမယ့် အကျိုးအမြတ်တွေရမှာဖြစ်သလို အိန္ဒိယရဲ့ ဘောလုံးအနာဂတ်အတွက်လည်း အရွေ့ တခုဖြစ်လာစေမယ်လို့ ပြောပါတယ်။
3 years Ago