စီရော်နယ်ဒို ဝန်ခံ

February 10, 2018

အသက် ၂၀ က ကြံ့ခိုင်မှုမျိုး ပြန်မရတော့ဟု စီရော်နယ်ဒို ဝန်ခံ

အသက် ၂၀ အရွယ်က ကြံ့ခိုင်မှုမျိုး ပြန်မရတော့ဘူးလို့ ကမ္ဘာ့အကောင်းဆုံး ကစားသမား စီရော်နယ်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၂ နှစ်ဆက်ရယူထားတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က အသက် ၃၃ နှစ်ပြည့်ခဲ့ပြီး ကြံ့ခိုင်မှု အကောင်းဆုံးပုံစံရအောင် ကြိုစားလုပ်ဆောင်နေပေမယ့် အသက် ၂၀ လောက်က ကြံ့ခိုင်မှုမျိုး မရတော့ဘူးလို့ ဆိုပါတယ်။ ကွင်းပြင်ပ ပုဂ္ဂိုလ်ရေးအရ သားသမီးတွေရလာပြီး နှစ်သက်စရာ မိသားစုကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်မိကြောင်းနဲ့ ပရော်ဖက်ရှင်နယ်အလုပ်မှာလည်း ၂ နှစ်ဆက်တိုက် အကောင်းဆုံးကစားသမားဆု ရခဲ့ပြီး အဲဒီလို အလားတူ ဘောလုံးရာသီတွေ ထပ်ပြီး  ရရှိဦးမယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။ အသက် ၃၃ နှစ်ရှိ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီနှစ် ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး ၈ ဂိုးပဲ သွင်းယူထားပြီး ပြိုင်ဘက် မက်ဆီက ဂိုး ၂၀ အထိ သွင်းယူထားပါတယ်။
3 years Ago
Up