ခရစ္စတီယာနို ရော်နယ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ မဟုတ်ဘူးလို့ တူရင်မြေကို ပူပူနွေးနွေးရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကြယ်ပွင့် ဒီလစ်က ပြောကြား လိုက်ပါတယ်။
ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းကို ပေါင် ၆၇.၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီး မကြာသေးခင်က ဂျာဆီအသစ်နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒီလစ်က သူ့အနေနဲ့ နေးရှင်းလိဂ်ဖိုင်နယ်အပြီးမှာ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့ဖို့ ဖိတ်ခေါ်စကားမတိုင်ခင်ကတည်း အီတလီ ကလပ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၉ နှစ်အရွယ်ကတည်းက အတွေ့အကြုံကောင်းတွေ ရခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ ကစားပြီး အတွေ့အကြုံကောင်းတွေနဲ့ စီနီယာကစားသမားကောင်းတွေ ဆီကနေ သင်ယူစရာတွေ ရှိနေတယ်လို့ ဒီလစ်ကပြောပါတယ်။
ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးပံ့ပိုးပေးတဲ့ အသိုင်းအဝိုင်းဖြစ်သလို အီတလီဟာ နောက်ခံကစားသမားတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့တာကြောင့် ငယ်ဘဝကတည်းအားပေးခဲ့တဲ့ အသင်းဖြစ်လို့ ဂျူဗင်တပ်စ်အသင်းကိုပဲ စိတ်ဝင်စားခဲ့တာလို့ ပြောပါတယ်။
3 years Ago