စီရော်နယ်ဒို ရလိမ့်မည်ဟု ဂယ်ရီနဗီးလ် ပြော

April 28, 2018

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု စီရော်နယ်ဒို ရလိမ့်မည်ဟု ဂယ်ရီနဗီးလ် ပြော

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စီရော်နယ်ဒို သာလျှင်ရလိမ့်မယ်လို့ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးတောင်ပံကစားသမား ဆာလက်က ကမ္ဘာ့အကောင်းဆုံး ဆုရနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေနဲ့ပတ်သက်ပြီး နဗီးလ်က သုံးသပ်ခဲ့တာပါ။ ဥရောပ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဆာလက်က သွင်းဂိုး ၄၃ ဂိုးနဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကိုကျော်ဖြတ်ပြီး အဆင့်တစ်နေရာမှာ ရပ်တည်နေတာပါ။ ကမ္ဘာ့အကောင်းဆုံး ကစာသမားဆုက စီရော်နယ်ဒိုပဲ ရဦးမယ်လို့ ဂယ်ရီနဗီးလ်က သူ့ရဲ့ တွစ်တာစာမျက်နှာ ရေးတင်ခဲ့တာကြောင့် လီဗာပူး ပရိသတ်တွေက ဝေဖန်တိုက်ခိုက်ခဲ့ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၂၀၀၇ ခုနှစ် ကစပြီး စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ပဲ တလှည့်စီ ရယူနေတာ ဖြစ်ပါတယ်။
3 years Ago
Up