စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ လေ့ကျင့်ခန်းပြန်ဆင်း

A d v e r t i s e m e n t With Us

September 21, 2016

စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ လေ့ကျင့်ခန်းပြန်ဆင်း

ရီးရဲလ်မက်ဒရစ် ကစားသမား ၂ ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဒီနေ့ညကစားမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာ ပြန်လည်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အဖျားရောဂါကြောင့် စက်တင်ဘာ ၁၈ ရက်က ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိသလို ဂါရတ်ဘေးလ်ဟာလည်း တင်ပါးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ၄ ပွဲကစားအပြီးမှာ ၄ ပွဲစလုံး အနိုင်ရထားပြီး ဒုတိယနေရာက ဘာစီလိုနာကို ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ရီးရဲလ်အသင်းဟာ ဒီနေ့ညကစားမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် လာလီဂါပွဲစဉ် ၁၇ ပွဲဆက်တိုက် အနိုင်ရတဲ့အသင်းအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up