စီအိုင်ဒီရဲမှူး အောင်ကျော်ဆန်းကို တရားလိုပြသက်သေအဖြစ် ရုံးထုတ်စစ်ဆေး

May 21, 2018

စီအိုင်ဒီရဲမှူး အောင်ကျော်ဆန်းကို တရားလိုပြသက်သေအဖြစ် ရုံးထုတ်စစ်ဆေး

  နိုင်​ငံ​တော်​ လျှို့ဝှက်​ချက်အက်ဥပ​ဒေနဲ့ တရားစွဲဆိုခံထားရ​တဲ့ ရိုက်​တာ သတင်း​ထောက်​နှစ်ဦးအမှုကို  ဒီကနေ့မနက် ၁၉ ကြိမ်မြောက် ရုံးထုတ်ရာမှာ ရဲမှူး အောင်ကျော်ဆန်းကို ၂၀ ယောက်မြောက် တရားလိုပြသက်သေအဖြစ် စစ်ဆေးနေပါတယ်။ ရဲမှူးအောင်ကျော်ဆန်းဟာ နေပြည်တော်ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန (စီအိုင်ဒီ နည်းပညာဌာန)က ဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက သိရပါတယ်။ ဒီအမှုကို ရဲတပ်ဖွဲ့ကနေ တရားလိုလုပ်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ နိုင်​ငံ​တော်​ လျှို့ဝှက်​အက်​ဥပ​ဒေနဲ့ တရားစွဲဆိုထားတဲ့အမှုဖြစ်ပြီး တရားလိုပြ သက်သေအဖြစ် ၂၅ ယောက် အထိ တင်သွင်းထားတာဖြစ်ပါတယ်။ အခုလက်​ရှိအချိန်မှာတော့ တရားလိုပြသက်သေတွေဖြစ်တဲ့ အဲဒီ ၂၅ ယောက်ထဲက ဒုရဲမှူး မိုးရန်​နိုင်​ကို ရဲစည်းကမ်း ဥပ​ဒေနဲ့ ​ထောင်ဒဏ်​ တစ်​နှစ်​ချမှတ်​ခဲ့ပြီး မှုခင်းမှတ်​တမ်းအဖွဲ့က ရဲတပ်​ကြပ်​ကြီး ခင်​​မောင်​လင်းကိုတော့ ရဲတပ်​ဖွဲ့ကနေ အမြဲတမ်း ထုတ်​ပယ်​ထားလိုက်​ပြီ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
4 years Ago
Up