စီရော်နယ်ဒိုကြုံးဝါး

August 28, 2020

အီတလီနှင့် ဥရောပအပြင် ကမ္ဘာကိုပါသိမ်းပိုက်မည်ဟု စီရော်နယ်ဒိုကြုံးဝါး

နည်းပြချုပ် ပီယာလိုလက်အောက်မှာ အီတလီနဲ့ ဥရောပအပြင် ကမ္ဘာတခုလုံးကိုပါ သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ စီရော်နယ်ဒိုက ပြောပါတယ်။  ရာသီသစ်နဲ့ ပတ်သက်ပြီး ရည်မှန်းချက်တွေကို စီရော်နယ်ဒိုက အင်စတာဂရမ်ကနေ ရေးသားခဲ့ပြီး ဂျူဗင်တပ်နဲ့ တတိယမြောက်ဘောလုံးရာသီအတွက် အဆင်သင့်ဖြစ်နေပြီလို့ စီရော်နယ်ဒိုကပြောပါတယ်။  စိတ်ဓာတ်ပိုင်းနဲ့ ရည်မှန်းချက်တွေဟာ ကစားသမားဘဝတလျှောက် အမြင့်ဆုံးရောက်နေသလို ဂျူဗင်တပ်တသင်းလုံးရဲ့ အစွမ်းအစတွေဟာလည်း အီတလီနဲ့ ဥရောပတင်မဟုတ်ဘဲ ကမ္ဘာကိုပါ သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရော်နယ်ဒို ကရေးသားခဲ့တာပါ။  ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ ၂ ရာသီကြာကာလအတွင်း ပြိုင်ပွဲစုံ ၈၉ ပွဲမှာ ၆၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ ဥရောပအောင်မြင်မှုမရသေးတဲ့ ရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီမှာတော့ နည်းပြသစ် ပီယာလိုနဲ့ အတူ တိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။ 
1 year Ago
Up