စီရော်နယ်ဒို

October 15, 2021

ဘောလုံးလိုက်မလုနိုင်သည့် စီရော်နယ်ဒိုအတွက် အဖြေရှာရန် ဂယ်ရီနဗီးလ် တိုက်တွန်း

ဘောလုံးလိုက်မလုနိုင်တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုအတွက် အဖြေရှာဖို့ နည်းပြဆိုးလ်ရှားကို ဂယ်ရီ နဗီးလ်ကတိုက်တွန်း လိုက်ပါတယ်။ 

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြုနေပြီး ပြိုင်ဘက်အသင်းက ဘောလုံးလက်ခံရရှိချိန်မှာ ဖိအားပေးကစားခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတချို့ရှိနေတာပါ။ 

စီရော်နယ်ဒိုဟာ ဘောလုံးလိုက်လုတတ်တဲ့  ကစားသမားမဟုတ်ဘဲ အဲဒီလိုကစားလာခဲ့တာက ၁ဝ နှစ် ၁၅ နှစ်လောက်ကြာပြီလို့ နဗီးလ်က ပြောပါတယ်။

ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ဟန်ချက်ကို ထိန်းညှိနိုင်ဖို့အတွက် နည်းလမ်းရှာရမှာဖြစ်ပြီး တန်ပြန်တိုက်စစ် ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ရုန်းကန်ရနိုင်တယ်လို့ နဗီးလ်ကပြောပါတယ်။

စီရော်နယ်ဒိုရှိနေတာက အားသား ချက်ကြီးမားသလို အဲဒီအတွက် ဖြေရှင်းရမယ့်ပြဿနာတွေ လည်း ရှိတယ်လို့ ဂယ်ရီနဗီးလ်က တိုက်တွန်းပြောသွားခဲ့တာဖြစ်ပါတယ်။  စီရော်နယ်ဒိုဟာ အခုနှစ် ရာသီမှာ ယူနိုက်တက်နဲ့ စုစုပေါင်း ၆ ပွဲကစားအပြီးမှာ  ၅ ဂိုးသွင်းယူထားပြီဖြစ်ပါတယ်။

2 days Ago

October 9, 2021

ဆာလက်ကိုကျော်ဖြတ်ပြီး စီရော်နယ်ဒို ဆုရရှိသွားသည့်အပေါ် ဂယ်ရီလိုင်နီကာ ဝေဖန်

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို စီရော်နယ်ဒို ရရှိသွားတဲ့ အပေါ် အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာက ဝေဖန်လိုက်ပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၃ ဂိုးရခဲ့ပေမယ့် ဆာလက်က ဆုရဖို့ ပိုပြီးထိုက်တန်ကြောင်း ဂယ်ရီလိုင်နီကာက တွစ်တာကနေ မှတ်ချက်ပေးခဲ့တာပါ။ 

ဆာလက်ဟာ စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။  

ရော်နယ်ဒိုက အံ့သြဖွယ်ရာကစားသမား ဖြစ်ပေမယ့် ဆာလက်ရဲ့ခြေစွမ်းကသာ တစ်လတာ အကောင်းဆုံးဆုနဲ့ ပိုပြီးထိုက်တန်တယ်လို့ လိုင်နီကာကဆိုပါတယ်။ 

တခြားပရိသတ်တချို့ကလည်း တွစ်တာကနေ ဆာလာရဲ့ ခြေစွမ်းက ပိုပြီး ကောင်းမွန်ကြောင်း မှတ်ချက်ရေးသားနေကြပါတယ်။ 

စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကိုတော့ အာဆင်နယ်နည်းပြ အာတီတာက ရရှိခဲ့ ပါတယ်။ 

1 week Ago
More News
Up