စီမံကိန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံဘဏ္ဍာ လေ့လွှင့်မှုမရှိစေရန် သမ္မတသတိပေး

November 6, 2019

စီမံကိန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံဘဏ္ဍာ လေ့လွှင့်မှုမရှိစေရန် သမ္မတသတိပေး 

စီမံကိန်းလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ နိုင်ငံတော် ဘဏ္ဍာငွေလေလွှင့်မှု မရှိအောင် ဆောင်ရွက်ကြဖို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ နိုဝင်ဘာ ၆ ရက်နေ့က  မွန်ပြည်နယ်ကို ရောက်ရှိလာခဲ့ပြီး ဒီခရီးမှာတော့ ကျပ်သန်းပေါင်း ၂၃၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်နေတဲ့ ကျိုက်မရော မြို့နယ်ရှိ အတ္တရံမြစ်ကူး(စံပယ်ဂူတံတား) စီမံကိန်းကို လာရောက် စစ်ဆေးခဲ့တာပါ။  အခုလို စစ်ဆေးရာမှာတော့ တံတား တည်ဆောက်မှု လုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ဖို့နဲ့ အခုစီမံကိန်းအကောင်အထည် ဖော်ရာမှာ နိုင်ငံတော် ဘဏ္ဍာငွေ လေ့လွှင့်မှု မရှိအောင်ဂရုစိုက်ကြဖို့ နိုင်ငံတာ် သမ္မတက သတိပေး ပြောဆိုလိုက်တာပါ။ ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ဟာ ကျိုက်မရောမြို့နယ် အရှေ့ဘက် ရွာပေါင်း၉၇ နဲ့ အနောက်ဘက် ရွာပေါင်း ၆၁ ရွာကို ဆက်သွယ်ပေးမယ့် သံမဏိသံပေါင်ဂုံးတံတား အမျိုးအစား ဖြစ်ပါတယ်။  ဒီတံတား စီမံကိန်းကိုတော့ ၂၀၁၉ နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအခါ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘဏ္ဍာငွေဆုံးရှုံးမှု မဖြစ်အောင် နိုင်ငံတော်က ချမှတ်ထားတဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ တံတားအထူးအဖွဲ့ (၁၄) မှ ဒုညွှန်ကြားရေးမှူး  ဦးဇော်မိုးလွင်က ပြောပါတယ်။ ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ကိုတော့ ပြည်ထောင်အစိုးရ ရန်ပုံငွေ ကျပ်သန်း၇၅၀၀ အပါအဝင် ပြည်နယ် အစိုးရ ရန်ပုံငွေ ကျပ်သန်း ၁၅၀၀၀ ကျော် စုစုပေါင်း ကျပ်သန်း ၂၃၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။  ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ကို လာမယ့် ၂၀၂၀ စက်တင်ဘာမှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားတာပါ။  သတင်း- ဇော်လွင်ထွဋ် 
2 years Ago
Up