စီမံကိန်း

July 6, 2019

မြန်မာအိမ်ရာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

“Outlook on Mynmar Housing Development And Policy” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ မြို့ပြနဲ့ အိမ်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မြို့ပြအိမ်ရာနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေက အိမ်ရာဆောက်လုပ်ရေးနဲ့ အိမ်ရာပိုင်ဆိုင်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တန်ဖိုးနည်းအိမ်ရာတွေကို ပြည်သူတွေ ဝယ်ယူနိုင်ဖို့ဆိုရင် အစိုးရအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုမယ့် ပြည်ပက ကုန်ပစ္စည်းတွေကို အခွန်မကောက်ခံဖို့၊ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်တဲ့အချိန်မှာ အခြေခံပြည်သူတွေနေထိုင်တဲ့ နေရာတွေနဲ့ အနီးဆုံးနေရာတွေမှာ ဆောက်လုပ်ပေးဖို့နဲ့ တိုက်ခန်းမဝယ်ယူနိုင်တဲ့ ပြည်သူတွေကို အငှားအိမ်ရာတွေ ဆောက်လုပ်ပေးဖို့အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးခဲ့တာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေကို တနှစ်ကို အခန်းပေါင်း ၄ ထောင်ကနေ ၅ ထောင်အထိ ဆောက်လုပ်ပေးနေတယ်လို့ ပြောပါတယ်။
3 years Ago

May 4, 2019

မိုးပျံရထားစီမံကိန်းဧရိယာထဲမှ အဆောက်အဦများ ပြင်ဆင်တိုးချဲ့ ရောင်းချပါက လျော်ကြေးမပေး

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း အပိုင်း ၁ ဧရိယာထဲမှာရှိနေတဲ့ အဆောက်အဦတွေကို မေလ ၆ ရက်နေ့ နောက်ပိုင်းမှာ ပြင်ဆင်၊ တိုးချဲ့၊ ရောင်းချတာတွေ လုပ်မယ်ဆိုရင် လျော်ကြေးရမှာ မဟုတ်ဘူးလို့ မြို့တော်ဝန်က ကြေညာပါတယ်။ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကနေ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်တာတွေကို စစ်တမ်းကောက်ယူဖို့ ရှိပါတယ်။ ဒီအတွက် မေလ ၆ ရက်က စတင်မှာဖြစ်ပြီး ဒီနေ့နောက်ပိုင်းမှာ ဧရိယာထဲမှာရှိတဲ့ အဆောက်အဦတွေကို ပြုပြင်တာ၊ တိုးချဲ့တည်ဆောက်တာ၊ အသစ်တည်ဆောက်တာ၊ မြေယာလွှဲပြောင်းတာ၊ ရောင်းချတာတွေ လုပ်မယ်ဆိုရင် မြေယာလျော်ကြေးနဲ့ ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေးပံ့ပိုးပိုးမယ့် အစီအစဉ်တွေ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူမယ့်နေ့ကိုတော့ ဇွန်လ ၃၀ ရက်အထိ သတ်မှတ်ထားပါတယ်။ စီမံကိန်းမှာ ကနဦးတည်ဆောက်မှာကတော့ လှိုင်သာယာ-ပါရမီလမ်းဖြစ်ပြီး လှိုင်သာယာဘူတာကနေ ရန်ကုန်- ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကိုဖြတ်ပြီး ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ ဖြစ်ပါတယ်။ စီမံကိန်းနယ်မြေကတော့ လှိုင်သာယာဘူတာပရဝုဏ်မှာ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတလျှောက်မှာ ရထားလမ်းအလယ်မျဉ်းရဲ့ တဖက်တချက်စီ ၁၄ မီတာခွဲ (၄၇ ပေခွဲကျော်)၊ ပါရမီလမ်းတလျှောက်မှာ ရထားလမ်းအလယ်မျဉ်းရဲ့ တဖက်တချက်စီ ၁၁ မီတာ (၃၆ ပေကျော်) ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရနဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းလုပ်ဆောင်နေတာပါ။
3 years Ago
More News
Up