စီပွားရေးလုပ်ငန်

December 25, 2020

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် စီပွားရေးလုပ်ငန်းများ ပိတ်ထားရ

ဗဟိုအာဖရိက သမ္မတနိုင်ငံ ဘန်ဂွီးက လမ်းတွေပေါ်မှာ သမ္မတ ရွေးကောက်ပွဲအကြို အကြမ်းဖက်မှုတွေကြောင့် လူသူကင်းရှင်းနေပြီး စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားတာ တွေ့ရပါတယ်။ မြို့တော်နေသူတွေ ထိတ်လန့်ကြောက်ရွံ့နေကြပြီး အကြမ်းဖက်မှုတချို့ ရှိခဲ့တယ်လို့ မြို့တော် ဘန်ဂွီးက အမေရိကန်သံရုံးက ဆိုပါတယ်။  မြို့တော်မှာ မော်တော်ဆိုင်ကယ် တက္ကစီတွေလည်း မတွေ့ရဘဲ ပျောက်နေပြီး မြို့လယ်မှာ ထောင်ချီတဲ့ လူတွေလည်း ကင်းမဲ့နေသလို ဝန်ကြီးချုပ်ရုံးအပြင်မှာလည်း ကုလငြိမ်းချမ်းရေး တပ်က တပ်ချထားတယ်လို့ ရိုက်တာသတင်းဌာနက မျက်မြင်သက်သေ တယောက်ကို ကိုးကားဖော်ပြပါတယ်။  သူပုန်တွေက မြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ အကွာက ဘောင်လီမြို့ကို သိမ်းပြီးပြီဆိုတဲ့ ကောလာဟလတွေ ထွက်လာအပြီးမှာ လူတွေက အိမ်တွေကို ပိတ်ထားခဲ့ကြ တာပါ။ လက်နက်ကိုင်အတိုက်အခံအုပ်စုတွေက မြို့တော်နားကို ချဉ်းကပ်လာနေပြီ ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်အပြီး မြို့တော်နေပြည်သူတွေကို ကောင်းကောင်းထိန်းချုပ် ကာကွယ်ထားတယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီးက အာမခံ ပြောကြားထားတယ်လို့ ကုလ ငြိမ်းချမ်းရေးတပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။  ဒီဇင်ဘာ ၂၂ ရက်က မြို့တော်ရဲ့အရှေ့မြောက်ဘက် ကီလိုမီတာ ၃၈၀ အကွာမှာရှိတဲ့ ဘမ်ဘာရီမြို့မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်အပြီး ကုလငြိမ်းချမ်းရေးတပ်က သူပုန်တွေကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
10 months Ago
Up