စီစီတီဗွီကင်မရာမှ ဖမ်းယူရရှိသည့် ပြန်ပေးဆွဲသည့်ဖြစ်ရပ် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းနေ

September 28, 2017

စီစီတီဗွီကင်မရာမှ ဖမ်းယူရရှိသည့် ပြန်ပေးဆွဲသည့်ဖြစ်ရပ် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းနေ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ပြန်ပေးဆွဲတယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တခုကို စီစီတီဗွီကင်မရာက မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ လော့စ်အိန်ဂျလိစ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ စီစီတီဗွီထဲမှာ   အမျိုးသားတဦးက မိန်းကလေးတဦးကို ချီပြီး မီးခိုးရောင် ဆီဒန်ကားတစီးထဲ အတင်းဝင်ခိုင်းနေတာ မြင်တွေ့ရပါတယ်။ အဲဒီမိန်းကလေးဟာ ကားထဲကထွက်ဖို့ ကြိုးစားပေမယ့် အမျိုးသားဟာ သူ့ကို ကားထဲ အတင်းဆွဲသွင်းပြီး ကားကို မောင်းထွက်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်ရဲဌာနက အဲဒီဗွီဒီယိုကို ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူနဲ့ မိန်းကလေးကို စုံစမ်းဖော်ထုတ်နိုင်ရေး ပြည်သူတွေဆီကနေ အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီကားဟာ တက္ကဆက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားပြီး ပြစ်မှုကျူးလွန်သူဟာ အသက် ၂၀ ဝန်းကျင်အရွယ် စပိန်နွယ်ဖွားတဦးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up