စီချွမ်ပြည်နယ်တွင် ငလျင်ကြောင့် ပိတ်မိနေသည့် ခရီးသည် ၄ သောင်းကို အရေးပေါ်ပြောင်းရွှေ့

August 11, 2017

စီချွမ်ပြည်နယ်တွင် ငလျင်ကြောင့် ပိတ်မိနေသည့် ခရီးသည် ၄ သောင်းကို အရေးပေါ်ပြောင်းရွှေ့

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်ဒဏ်ကြောင့် ပိတ်မိနေတဲ့ ခရီးသည် ၄ သောင်းကို တရုတ်အစိုးရက သြဂုတ် ၉ ရက်နေ့မှာ အရေးပေါ် နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်။ အခင်းဖြစ်ရာ စီချွမ်ပြည်နယ် ဂျီဇူဂိုဒေသက အာဏာပိုင်တွေဟာ ငလျင်ဒဏ်ကြောင့် ပိတ်မိနေတဲ့ ခရီးသည်တွေကို ကူညီဖို့အတွက် ယာယီ ကယ်ဆယ်ရေးစခန်း ၃ ခုကို သြဂုတ် ၉ ရက်နေ့က အရေးပေါ် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့သွားမယ့် ခရီးလမ်းဆုံးပေါ်မူတည်ပြီး ယာယီ စောင့်ရှောက်ထားတာပါ။ ကယ်ဆယ်ရေးသမားတွေက သူတို့ကို အစားအစာနဲ့ ရေထောက်ပံ့ပေးပြီးတဲ့နောက် သွားလိုရာနေရာကို စနစ်တကျမေးမြန်းပြီး စာရင်းသွင်းခဲ့ပါတယ်။ “ဒေသခံအစိုးရက ဘတ်စ်ကားတွေကို တတ်နိုင်သမျှ အကောင်းဆုံးစီစဉ်ပြီး ခရီးသည်တွေ သွားလိုတဲ့နေရာကို ပို့ပေးခဲ့ပါတယ်” လို့ ဂျီဇူဂိုဒေသ သတင်းနဲ့ပြန်ကြားရေးစင်တာ အကြီးအကဲက ပြောပါတယ်။ ဒီနော့က်ဆက်ပြီး “ငလျင်ဒဏ် အပြင်းဆုံးနေရာနဲ့ ကျန်ကျာမြို့အကြား ပိတ်မိနေခဲ့တဲ့ ခရီးသွားအများစုကို ဘေးလွတ်ရာ ရွှေ့ထားပြီးပါပြီ။ သူတို့အထဲက ၂၀၀၀ လောက်ပဲ အခင်းဖြစ်ရာအနီးမှာ ကျန်နေပါတယ်” လို့ ရှင်းပြသွားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ဂျီဇူုဂိုဒေသမှာ သြဂုတ် ၈ ရက် ညပိုင်းက ပြင်းအား ၇ မဂ္ဂနီကျုရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
4 years Ago
Up