စိုးရိမ်ဖွယ်ရှိ

September 17, 2020

မြောက်ကမ္ဘာခြမ်းရှိ ဒေသအချို့ ကိုဗစ်-၁၉ အန္တရာယ် စိုးရိမ်ဖွယ်ရှိဟု WHO သတိပေး

မြောက်ကမ္ဘာခြမ်းက တချို့အစိတ်အပိုင်းတွေမှာ လာမယ့်လအနည်းငယ်အတွင်း ဆောင်းရာသီ တုပ်ကွေးရာသီ ရောက်တော့မှာမို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက စိုးရိမ်စရာအဆင့် ဖြစ်လာလိမ့်မ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စက်တင်ဘာ ၁၆ ရက်မှာ သတိပေးလိုက်ပါတယ်။    စပိန်၊ ပြင်သစ်၊ မွန်တီနီဂရိုး၊ ယူကရိန်းနဲ့အမေရိကန်ရဲ့ တချို့ပြည်နယ်တွေမှာ ဆေးရုံတင်လူနာ နဲ့ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်လာတဲ့ လူနာအရေအတွက် တိုးနေတာကို မြင်နေရတယ်လို့ WHO ရဲ့ ကိုဗစ်-၁၉ ရေးရာခေါင်းဆောင် မာရီယာဗန်ခါခို့ဗ်က ပြောပါတယ်။   အခု စက်တင်ဘာလလယ်ရောက်ပြီမို့ တုပ်ကွေးရာသီတောင် မစသေးတာမို့ ဒါဟာ စိုးရိမ်စရာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံ အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြား ဆေးရုံတင် လူနာအရေအတွက်ဟာလည်း နိုင်ငံအတော်များများမှာ တိုးလာနေတယ်လို့ ဆိုပါတယ်။ ရာသီတုပ်ကွေးနဲ့ ကိုရိုနာဗိုင်းရပ်စ်တို့ဟာ လူတယောက်ကို ပြိုင်တူကူးစက်နိုင်စွမ်းရှိပြီး ၂ မျိုး လုံး တပြိုင်တည်း ကူးခံရရင် ကိုယ်ခံအား အလွန်အမင်း ကျဆင်းတတ်တာကို ပညာရှင်တွေက လတ်တလော တွေ့ရှိထားပါတယ်။  ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရနိုင်ချေ မြင့်တဲ့လူတွေအနေနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံထားကြဖို့ WHO ရဲ့ ထိပ်တန်း အရေးပေါ်ကိစ္စရပ်များ ပညာရှင် ဒေါက်တာ မိုက်ခ်ရိုင်ယန်က အကြံပြုပါတယ်။
1 year Ago
Up