စိုးရိမ်ဖွယ် ခြိမ်းခြောက်လာနေသည့် ရေထုတွင်းမှ ပလတ်စတစ်အမှိုက် အန္တရာယ်

February 2, 2017

စိုးရိမ်ဖွယ် ခြိမ်းခြောက်လာနေသည့် ရေထုတွင်းမှ ပလတ်စတစ်အမှိုက် အန္တရာယ် (ရုပ်သံ)

သမုဒ္ဒရာရေထုထဲကို ရောက်ရှိနေတဲ့ စွန့်ပစ် ပလတ်စတစ်အမှိုက်တွေရဲ့ ထုထည်ဟာ တကယ့်ကို စိုးရိမ်စရာ အခြေအနေတခုအဖြစ် ခြိမ်းခြောက်လာနေပါတယ်။ မကြာသေးခင်က လေ့လာမှုတရပ်အရ ကမ္ဘာ့ရေထုထဲကို နှစ်စဉ်စွန့်ပစ်တဲ့ ပလတ်စတစ် အမှိုက်တွေဟာ တန်ချိန် ၈ သန်းကျော်ရှိတယ်လို့ ဝါရှင်တန်အခြေစိုက် စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Ocean Conservancy and McKinsey Centre က ဖော်ပြပါတယ်။ ရေထုတွင်းရောက်ရှိသွားတဲ့ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ သဘာဝဝန်းကျင်ဆိုင်ရာ ဂေဟဗေဒစနစ်အပေါ် ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အဏ္ဏဝါဗေဒဝန်းကျင်ကို ကာကွယ်နိုင်ဖို့နဲ့ ပျောက်ဆုံးသွားနိုင်ခြေရှိတဲ့ လှပတဲ့ မြင်ကွင်းတွေကို ကာကွယ်ဖို့ လိုအပ်နေပြီလို့ စီဂျီတီအဲန်သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up