စိုင်းအင်ဝမ်

May 20, 2020

ထိုင်ဝမ်သမ္မတ စိုင်းအင်ဝမ် ဒုတိယရာထူးသက်တမ်းအတွက် ကျမ်းသစ္စာဆို

ထိုင်ဝမ်သမ္မတ စိုင်းအင်ဝမ်ဟာ ဒုတိယရာထူးသက်တမ်းအတွက် မေ ၂၀ ရက်က မြို့တော်တိုင်ပေရှိ သမ္မတနန်းတော်မှာ အခမ်းအနားနဲ့ ကျမ်းသစ္စာဆိုပါတယ်။ စိုင်းအင်ဝမ်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဟာ ဇန်နဝါရီလက သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပထမသက်တမ်း ရွေးကောက်ပွဲမှာ စိုင်းအင်ဝမ် အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရက ထိုင်ဝမ်နဲ့ တရားဝင်ဆွေးနွေးပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။  တရုတ်အစိုးရက သူ့ကို ထိုင်ဝမ်အတွက် တရားဝင်လွတ်လပ်ရေး ရယူလိုတဲ့ ခွဲထွက်ရေးသမားလို့ ရှုမြင်နေပါတယ်။ မေ ၂၀ ရက် ဒုတိယသက်တမ်း ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ သမ္မတစိုင်းအင်ဝမ်က ထိုင်ဝမ်ဟာ တရုတ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးလိုပေမယ့် တရုတ်ရဲ့ “တစ်နိုင်ငံ စနစ်နှစ်မျိုး”  အဆိုပြုချက်ကို လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပြီး အတူယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဖက်စလုံးကို နည်းလမ်းရှာကြံဖို့ တိုက်တွန်းခဲ့ပါတယ်။  
11 months Ago
Up