စိုင်းဝေယံအောင်

October 3, 2021

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးဝန်ကြီးကို ဝေဖန်သူ ၁ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးဝန်ကြီးကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားခဲ့တဲ့  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁ ရက်နေ့မှာ ဖမ်းဆီးပါတယ်။

“စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်။ ဘာကိစ္စနဲ့ ဖမ်းသွားတာလဲတော့ သေချာမသိဘူး။ အောက်တိုဘာ ၁ ရက် ညပိုင်းက အင်အားအလုံးအရင်းနဲ့ သူ့နေအိမ်မှာ ဖမ်းခံရတယ်” လို့ စိုင်းဝေယံအောင်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

“ကိုစိုင်းဝေယံအောင်က အခု စစ်ကိုင်းတိုင်းမှာ ခန့်ထားတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော်ကို လူမှုကွန်ရက်မှာ ဝေဖန်ရေးတာ ရှိတယ်။ ဒါကြောင့် ဖမ်းဆီးခံရတယ်လို့ မြင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုစိုင်းဝေယံအောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆွယ်သီချင်းတွေ သီဆိုခဲ့ပြီး ‘ရှမ်းနီမြေမှာ ရှမ်း နီနိုင်ရမည်’ သီချင်းနဲ့  စိုင်းဝေယံအောင်ကို လူသိများခဲ့ပါတယ်။

1 year Ago
Up