စိုင်နိုတက်ခ်ဇီဝနည်းပညာ

A d v e r t i s e m e n t With Us

April 15, 2020

COVID-19 ကာကွယ်ဆေးအတွက် လူသားဖြင့် စတင်စမ်းသပ်ရန်  တရုတ်အစိုးရ ခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဒုတိယအဆင့် စမ်းသပ်ချက်ကို တရုတ်နိုင်ငံမှာ ဧပြီလ ၁၅ ရက်က စတင်နေပါပြီ။ တရုတ်နိုင်ငံဟာ ပြည်ပကနေ ကိုရိုနာဗိုင်းရပ်စ် ပြန်ဝင်လာတာကို ရင်ဆိုင်နေရပြီး ဒုတိယလှိုင်း မဖြစ်အောင် ကြိုတင်ကာကွယ်နေတာကြောင့် စမ်းသပ်ကာကွယ်ဆေး နှစ်မျိုးအတွက် ကနဦးအဆင့် လူသားနဲ့ စမ်းသပ်တာတွေ ပြုလုပ်ဖို့ အစိုးရက တရားဝင် ခွင့်ပြုလိုက်ပါတယ်။   စမ်းသပ်ကာကွယ်ဆေး နှစ်မျိုးကို ပေကျင်းအခြေစိုက် စိုင်နိုတက်ခ်ဇီဝနည်းပညာကုမ္ပဏီနဲ့  ဝူဟန် ဇီဝဆေးပစ္စည်းထုတ်လုပ်ရေးအဖွဲ့အစည်းတို့က ဖော်ထုတ်နေတာပါ။  ဝူဟန် ဇီဝဆေးပစ္စည်းထုတ်လုပ်ရေးအဖွဲ့ဟာ နိုင်ငံပိုင်  တရုတ်အမျိုးသားဆေးဝါး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့  ဆင်ဟွာသတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လကပဲ တရုတ်အစိုးရဟာ စစ်ဘက်ဆိုင်ရာ ဆေးပညာကျောင်းနဲ့ CanSino Bio ဇီဝနည်းပညာကုမ္ပဏီတို့ ဖော်ထုတ်တဲ့ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး  စမ်းသပ်ချက်ကို ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အမေရိကန် ဆေးကုမ္ပဏီ မော်ဒန်နာက အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ ပေါင်းပြီး လူသားနဲ့ ကာကွယ်ဆေး စမ်းသပ်တာတွေ စတင်နေတယ်လို့ ပြောပြီး မကြာခင်မှာပဲ တရုတ်အစိုးရက လူသားနဲ့ ကာကွယ်ဆေး စမ်းသပ်တာကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
11 months Ago
Up