စိုင်းစိုင်းခမ်းလှိုင်​ လှူဒါန်းသည့် တောင်ကြီးအ.ထ.က က​လေးကစားကွင်း ဖွင့်လှစ်

February 18, 2019

စိုင်းစိုင်းခမ်းလှိုင်​ လှူဒါန်းသည့် တောင်ကြီးအ.ထ.က က​လေးကစားကွင်း ဖွင့်လှစ်

ပညာ​ရေးမူဝါဒသစ်​အရ က​လေး​တွေ  ကျောင်းအတွင်း လုံလုံခြုံခြုံ ပညာသင်​ပြီး ကစားလို့ရ​အောင်​ ရုပ်​ရှင်သရုပ်​​ဆောင်​ အဆို​တော်​ စိုင်းစိုင်းခမ်းလှိုင်​ လှူဒါန်းတဲ့ ​တောင်​ကြီးမြို့ အ.ထ.က ၁ ​ကျောင်းကို ​ဖေ​ဖော်ဝါရီ ​၁၈ ရက်​​က ဖွင့်လှစ်​လိုက်​ပါတယ်​။ အဆို​တော်​ စိုင်းစိုင်းခမ်းလှိုင်​ဟာ သူတက်​ခဲ့တဲ့​ကျောင်း​တွေကို ဖြည့်ဆည်း​ပေးတဲ့အ​နေနဲ့ မတည်​​ငွေလှူဒါန်းပြီး တည်​​ဆောက်​ထားတာဖြစ်​ပါတယ်​။ ​တောင်​ကြီးမြို့နယ်​မှာ KG မူလတန်း အဆင့်ကစားကွင်းကို အ.ထ.က (၁) နဲ့ အ.ထ.က (၂ ) နှစ်​​ကျောင်းသာရှိ​သေးပြီး နိုင်​ငံ​တော်​ ဘတ်​ဂျက်နဲ့ ပြုလုပ်​ခြင်းမရှိ​သေးဘူးလို့ သိရပါတယ်​။ ရှမ်းပြည်နယ်အပါအ၀င် နိုင်ငံတ၀န်းမှာ က​လေး​တွေ ဉာဏ်​ရည်​ဖွံ့ဖြိုးဖို့ လွတ်လွတ်လပ်လပ် ကစားနိုင်​ဖို့ ​​​​​ကစားကွင်း​တွေ လိုအပ်​​ကြောင်းသိရပါတယ်​။ ခွန်​ရာဇာ
2 years Ago
Up