အီသီယိုးပီးယားနိုင်ငံမှာ တရက်အတွင်း ပျိုးပင်ပေါင်း သန်း ၃၅၀ ကျော်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ဝန်ကြီးချုပ် အက်ဘီအာမက်ရဲ့ Green Legacy လုပ်ဆောင်ချက်အဖြစ် ဒီလိုမျိုးသစ်ပင်ပေါင်းများစွာကို စိုက်ပျိုးခဲ့တာဖြစ်ပြီး အချိန် ၁၂ နာရီအတွင်း နိုင်ငံတဝန်းလုံးမှာ သစ်ပင် ၃၅၃,၆၃၃,၆၆၀ ကို စိုက်ပျိုးနိုင်ခဲ့တယ်လို့ နိုင်ငံရဲ့နည်းပညာနဲ့ စွန့်ဦးတီထွင်ဝန်ကြီး ဂီတာဟန် မီကူရီယာက ပြောပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို နိုင်ငံရဲ့ဝန်ကြီးချုပ်ရုံးကလည်း တွစ်တာပုံ မျှဝေခဲ့ပြီး ဓာတ်ပုံတွေမှာ ကိုယ်တိုင်ကိုယ်ကျ သစ်ပင်စိုက်ပျိုးနေတဲ့ ဝန်ကြီးချုပ်ကိုလည်း မြင်တွေ့ရပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အတွက်အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံး ပါဝင်တဲ့ဒီအခမ်းအနားကို ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်က အသိအမှတ်ပြုလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။
Green Legacy ဆောင်ရွက်ချက်ကို အီသီ ယိုးပီးယား နိုင်ငံမှာ မေလက စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာမကုန်ခင်အထိ သစ်ပင်ပေါင်း ၄ ဘီလီယံကို စိုက်ပျိုးသွားဖို့ ပစ်မှတ်ထားပါတယ်။
လက်ရှိအချိန်အထိ သစ်ပင်ပေါင်း ၂ ဒသမ ၆ ဘီလီယံကို စိုက်ပျိုးပြီးပြီးလို့လဲ UPI သတင်းမှာဖော်ပြ ထားပါတယ်။
Zawgyi Version
အီသီယိုးပီးယားႏိုင္ငံတြင္ ၁ ရက္အတြင္း ပ်ိဳးပင္ေပါင္း သန္း ၃၅၀ ေက်ာ္ကို စိုက္ပ်ိဳး
DVB
အီသီယိုးပီးယားႏိုင္ငံမွာ တရက္အတြင္း ပ်ိဳးပင္ေပါင္း သန္း ၃၅၀ ေက်ာ္ကို ေအာင္ျမင္စြာစိုက္ပ်ိဳးႏိုင္ခဲ့တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ အက္ဘီအာမက္ရဲ႕ Green Legacy လုပ္ေဆာင္ခ်က္အျဖစ္ ဒီလိုမ်ိဳးသစ္ပင္ေပါင္းမ်ားစြာကို စိုက္ပ်ိဳးခဲ့တာျဖစ္ၿပီး အခ်ိန္ ၁၂ နာရီအတြင္း ႏိုင္ငံတဝန္းလုံးမွာ သစ္ပင္ ၃၅၃,၆၃၃,၆၆၀ ကို စိုက္ပ်ိဳးႏိုင္ခဲ့တယ္လို႔ ႏိုင္ငံရဲ႕နည္းပညာနဲ႔ စြန႔္ဦးတီထြင္ဝန္ႀကီး ဂီတာဟန္ မီကူရီယာက ေျပာပါတယ္။
ဒီအခမ္းအနားနဲ႔ ပတ္သက္တဲ့ ပုံရိပ္ေတြကို ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္႐ုံးကလည္း တြစ္တာပုံ မွ်ေဝခဲ့ၿပီး ဓာတ္ပုံေတြမွာ ကိုယ္တိုင္ကိုယ္က် သစ္ပင္စိုက္ပ်ိဳးေနတဲ့ ဝန္ႀကီးခ်ဳပ္ကိုလည္း ျမင္ေတြ႕ရပါတယ္။
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရး အတြက္အခုလိုေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး တႏိုင္ငံလုံး ပါဝင္တဲ့ဒီအခမ္းအနားကို ကမာၻ႔ဂင္းနစ္အဖြဲ႕ခ်ဳပ္က အသိအမွတ္ျပဳလိမ့္မယ္လို႔လည္း တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနပါတယ္။
Green Legacy ေဆာင္႐ြက္ခ်က္ကို အီသီ ယိုးပီးယား ႏိုင္ငံမွာ ေမလက စတင္ခဲ့တာျဖစ္ၿပီး ေအာက္တိုဘာမကုန္ခင္အထိ သစ္ပင္ေပါင္း ၄ ဘီလီယံကို စိုက္ပ်ိဳးသြားဖို႔ ပစ္မွတ္ထားပါတယ္။
လက္ရွိအခ်ိန္အထိ သစ္ပင္ေပါင္း ၂ ဒသမ ၆ ဘီလီယံကို စိုက္ပ်ိဳးၿပီးၿပီးလို႔လဲ UPI သတင္းမွာေဖာ္ျပ ထားပါတယ္။
2 years Ago