စိုက်​ပျိုး​ယာခင်းများ သစ်​​တောကြိုးဝိုင်းထဲပါ​နေလို့ ​​တောင်​သူများ အခက်​​တွေ့

March 28, 2018

စိုက်​ပျိုး​ယာခင်းများ သစ်​​တောကြိုးဝိုင်းထဲပါ​နေလို့ ​​တောင်​သူများ အခက်​​တွေ့

  ကယားပြည်​နယ်​ လွိုင်​လင်​​လေးမြို့နယ်​ ပိန်း​ချစ်​​ကျေးရွာအုပ်​စုမှာရှိတဲ့ ​​ဒေသခံ ​တောင်​သူ ၁၃ ဦးက စိုက်​ပျိုးလုပ်​ကိုင်​​နေတဲ့ ​တောင်​ယာ​မြေဟာ သစ်​​တောဦးဌာနရဲ့ သစ်​​တောကြိုးဝိုင်းထဲ ပါဝင်​​နေတာ​ကြောင့်​ ဆက်​လက်​ စိုက်​ပျိုးလုပ်​ကိုင်​ဖို့ အခက်​​တွေ့​နေကြပါတယ်​။ လက်​ရှိ ​​ဒေသခံ​တောင်​သူ​တွေ လုပ်​ကိုင်​​နေတဲ့ ခန့်မှန်း ​မြေ ၄၁ ဧက​ပေါ်မှာ မရိတ်​သိမ်းရ​သေးတဲ့ ပဲစင်းငုံ​ခင်း​တွေနဲ့ နှစ်​ရှည်​ပင်​အချို့ ရှိ​နေ​ပေမယ့် သစ်​​တောဦးစီးဌာနက သစ်​ပင်​စိုက်​ဖို့ ​မြေကျင်း​တွေ တူး​နေတယ်​လို့ ​တောင်​သူ​တွေက ​ပြောပါတယ်​။ ပိန်းချစ်​​ကျေးရွာမှာ ​နေထိုင်​ပြီး ပဲစင်းငုံ စိုက်​ပျိုးထားတဲ့ ​ ​တောင်​သူ ​ဒေါ်​ထွေးကြည်​က "​မြေသိမ်းလည်း သူတို့က ခြံရှင်​​တွေကို ညှိနှိုင်းတာလဲ မဟုတ်​ဘူး။ သူတို့ သ​ဘောနဲ့ သူတို့ ယူသွားတယ်​။ ကြည့့် ပဲစင်းငုံ​ခင်း​တွေမှာ အကုန်​လုံး သူတို့တူးတဲ့ဟာ​တွေ ပိုင်​ရှင်​မ​မေးပဲနဲ့ တူးသွားတာ" လို့​ပြောပါတယ်​။ မရိတ်​သိမ်း​သေးတဲ့ စိုက်​ခင်း​​တွေထဲမှာရော ​ဒေသခံ​တွေအသုံးပြု​နေတဲ့လမ်း​တွေမှာပါ ကျင်း​တွေတူး​နေတာ​ကြောင့်​​ဒေသခံ​တွေ အခက်​အခဲ ဖြစ်​​နေကြတာပါ။ ဒီကိစ္စအ​ပေါ် ကူညီ​ဆောင်​ရွက်​​ပေး​နေတဲ့ ကရင်​နီပြည်​​တောင်​သူ လယ်​သမားသမဂ္ဂအဖွဲ့က ကိုဒီးဒီစစ်​မုန်းက "ဒါက အရင်​ကတည်းက ကြိုးဝိုင်းအ​နေနဲ့ သတ်​မှတ်​ထားတာ​ပေါ့​နော်​။ အဲလို သတ်​မှတ်​တယ်​ဆိုတာကလည်း ကွင်းဆင်းပြီးမှ ​​အောက်​​ခြေမှာ ဘယ်​လို အ​နေအထားရှိလဲ ဆိုတာ ဆင်းပြီးမှ သတ်​မှတ်​ခဲ့တာ မဟုတ်​ဘူး​လို့ပဲ ကျ​နော်​တို့ ယူဆတာ​ပေါ့​နော်​။ သူတို့က အထက်​က​နေပဲ ဒီလိုပဲ​ ​မြေပုံ​ပေါ်ကြည့်ပြီးမှ ဒါဟာ ကြိုးဝိုင်းသစ်​​တော ဆိုပြီး​တော့ လုပ်​လိုက်​တယ်​။ ​ဒေသခံ​တွေက စိုက်​ပျိုးလုပ်​ကိုင်​​နေတာ​ပေါ့​နော်" လို့ ​ ​ပြောပါတယ်​။ ဒီကိစ္စအ​ပေါ်မှာလည်း ကရင်​နီပြည်​ ​တောင်​သူ လယ်​သမားသမဂ္ဂအဖွဲ့အ​နေနဲ့ လုံးဝ ကန့်​ကွက်​ရှုတ်​ချပြီး စီမံကိန်းတစ်​ခုကို လုပ်​​တော့မယ်​ဆိုရင်​ ​မြေပြင်​မှာ ဖြစ်​ပျက်​​နေတဲ့ဟာ​တွေ အရင်​ကြည့်​ရမယ့်​အပြင်​ ​ဒေသခံ​တွေနဲ့ တိုင်​ပင်​သင့်​တယ်​လို့ ကိုဒီးဒီ စစ်​မုန်းက ဆိုပါတယ်​။ ​ဒေသခံ​တောင်​သူ​တွေကလည်း ဒီအခက်​အခဲ​တွေကို ကယားပြည်​နယ်​ ဝန်​ကြီးချုပ်​နဲ့ ​တွေ့ဆုံပြီး တင်​ပြသွားမယ်​လို့ ​ပြောပါတယ်​။ သတင်း - ခွန်းတူးတူး​လေး (လွိုင်​​ကော်​)
4 years Ago
Up