စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း

November 19, 2016

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဒုဝန်ကြီးကို တာဝန်မှရပ်စဲ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွေအရ တာဝန်ကနေ ရပ်စဲတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပေမယ့် ဘာကြောင့် ရာထူးက အနားပေးလိုက်တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့အာဏာရပြီး ၆ လကျော်အကြာမှာ ပြည်ထောင်စုအဆင့် ဒုဝန်ကြီးတဦးကို ပထမဆုံးအကြိမ်ရာထူးက အနားပေး လိုက်တာဖြစ်ပါတယ်။ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပြည်သူ့လွှတ်တော်မှာတော့ အရင်အစိုးရအဆက်ဆက်က ဆောက်လုပ်ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင်စီမံကိန်းတချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ်ခဲ့တာတွေရှိလို့ တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
5 years Ago
Up