စိုက်ပျိုးမွေးမြူရေး

August 10, 2018

ကာလရှည် မိုးခေါင်မှုကြောင့် သြစတြေးလျ စိုက်ပျိုးမွေးမြူရေးသမားများ အခက်ကြုံ

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း နယူးဆောက်ဝေးစ်ပြည်နယ်က စိုက်ပျိုးမွေးမြူရေး သမားတွေဟာ ကာလရှည် မိုးခေါင်မှုကို ကြုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မိုးမရွာတာကြောင့် မွေးမြူရေးသမားတွေဟာ ကျွဲနွားတွေနဲ့ သိုးတွေအတွက် အစာရေစာ လုံလုံလောက်လောက် မပေးနိုင်တဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။ ဒါ့ပြင် မိုးခေါင်မှုကြောင့် ကျွဲနွားအစာ ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်တက်နေတာကြောင့် မွေးမြူရေးသမားတွေ အခက်ကြုံနေရပါတယ်။ မွေးမြူရေးသမားတွေဟာ အစာဝယ်ဖို့ အနီးဆုံးနေရာအနေနဲ့ ကီလိုမီတာ ရာချီဝေးတဲ့ ကွင်းစ်လန်ပြည်နယ်အထိ သွားနေရပါတယ်။ လက်ရှိ မိုးလေဝသ ခန့်မှန်းချက်တွေအရ မိုးခေါင်တာ ဆက်ဖြစ်နေဦးမှာမို့ နယူးဆောက်ဝေးစ်ပြည်နယ်တဝန်းက စိုက်ပျိုးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ တိရစ္ဆာန်တွေကို ရောင်းမလား၊ ဆက်ပြီး ကြံ့ကြံ့ခိုင် ရင်ဆိုင်မလားဆိုတဲ့ စိန်ခေါ်မှု ကြုံနေရပါတယ်။ မိုးခေါင်မှုကြောင့် သြစတြေးလျရဲ့ ကောက်ပဲသီးနှံ ထုတ်လုပ်မှု ကျဆင်းနေပါတယ်။
3 years Ago
Up