စိန်ခေါ်မှုအသစ်

September 19, 2020

စိန်ခေါ်မှုအသစ်များ လိုအပ်သဖြင့် လီဗာပူးကို ပြောင်းရွှေ့ခဲ့ဟု အယ်ကန်တာရာပြော

စိန်ခေါ်မှုအသစ်တွေ လိုအပ်တာကြောင့် လီဗာပူးဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို အမြဲတမ်း သတိရနေမယ်လို့ သီယာဂိုအယ်ကန်တာရာက ပြောပါတယ်။  စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာဟာ လီဗာပူးအသင်းကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၅ သန်း လီဗာပူးက ပေးချေရမှာပါ။ အားကစားသမားဘဝရဲ့ အခက်အခဲဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့  ၇ နှစ်အတွင်းမှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်စရာ အခိုက်အတန့်တွေလည်း ရရှိခဲ့တယ်လို့ အယ်ကန်တာရာက တွစ်တာကနေ နှုတ်ဆက်စကားဆိုပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ခြေစွမ်းပိုမိုတိုးတက်လာဖို့အတွက် စိန်ခေါ်မှုအသစ်တွေကို လိုအပ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ကျေးဇူးတင်ရှိသလို အသင်းကို အမြဲတမ်းသတိရနေမယ်လို့ အယ်ကန်တာရာက ပြောပါတယ်။  အသက် ၂၉ နှစ်ရှိ အယ်ကန်တာရာဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၂၃၅ ပွဲမှာ ၃၁ ဂိုး သွင်းယူထားပါတယ်။
8 months Ago

February 13, 2020

အင်တာမီလန်အသင်းတွင်  ပျော်ရွှင်ကြောင်း အက်ရှ်လေယန်းပြော

အင်တာမီလန်အသင်းမှာ အလျင်အမြန်‌ အခြေကျပြီး ခြေစွမ်းပြနေတဲ့ အက်ရှ်လေယန်းက အီတလီ‌မြေကို ပြောင်းရွှေ့ခဲ့တာဟာ ဘောလုံးကစားဖို့နဲ့ အနိုင်ရရှိဖို့ ဖြစ်ပြီး ကစားရတဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်ရတယ်လို့ ပြောကြားလိုက်ပါတယ်။  ဆက်လက်ပြီး ယန်းက သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေ လိုချင်လို့ ယူနိုက်တက်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး အမှန်တကယ်မှာလည်း စိန်ခေါ်မှုအသစ်တွေ ရရှိ‌နေပြီလို့ ဆိုပါတယ်။  အက်ရှ်လေယန်းဟာ ယူနိုက်တက်နဲ့ ၉ ရာသီကြာ လက်တွဲခဲ့ပြီးတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတော့ အန်တိုနီကွန်တီ ဦးဆောင်တဲ့ အင်တာမီလန်အသင်းကို ပေါင် ၁ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
1 year Ago
Up