စိန်ခေါ်မှု

December 5, 2020

ကျန်းမာရေးဝန်ထမ်းများစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများရှိဟု မော်လမြိုင်ဆေးရုံအုပ်ကြီးပြော

ကိုဗစ်ရောဂါဖြစ်ပွားမှု ရက်ကြာလာတာနဲ့အမျှ ကျန်းမာရေး ဝန်ထမ်းတွေ ထပ်တိုးပေးတာ မရှိတဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကအစ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။  မွန်ပြည်နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၇၀၀ ကျော်အထိ ရှိလာခဲ့တာပြီး ရောဂါပိုးတွေ့ ကိုဗစ်အတည်ပြုလူနာတွေကို မော်လမြိုင်က ကိုဗစ်ကုသရေး ဆေးရုံ ၃ ခုနဲ့ သထုံမြို့နယ်က ကိုဗစ်ကုသရေး ဆေးရုံ ၁ ခုမှာ စောင့်ကြည့်ကုသပေးနေတာပါ။ လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တိုးလာပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေ ထပ်တိုးလာတဲ့ မရှိတဲ့အတွက်ကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အစ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မော်လမြိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုဗစ်လူနာတွေကို အထူးကုဆရာဝန် အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၁၀၀ လောက် စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။  လက်ရှိမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အတက်နိုင်ဆုံး ဖြည့်ဆည်း မြင့်တင်ပေးနေတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်က ကျန်းမာရေး ဝန်ထမ်းတွေဟာ လူနာများလာလို့ ဝန်ထမ်း ၁ ဦးကို အရင်ထက် လူနာ ၃ ဆလောက် ပိုကြည့်ပေးနေတဲ့အတွက်ကြောင့် အားလုံး ပင်ပန်းလာကြပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ထမ်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီတဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူ ၁ ဦး ၁ ယောက်ချင်းဆီက လိုက်နာပေးကြဖို့ လိုအပ်နေတာပါ။ ဒါအပြင် ပြည်တွင်း ကူးစက်မှုတွေ ဖြစ်နေတဲ့ ကိုဗစ်ရောဂါ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ပြည်သူတွေအနေနဲ့ နေအိမ်အပြင် ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။  ဇော်လွင်ထွဋ်
12 months Ago

August 30, 2020

လိဒ်အသင်းနှင့်အတူ စိန်ခေါ်မှုများ ရင်ဆိုင်သွားချင်ဟု တိုက်စစ်မှူးသစ် ရိုဒရီဂိုပြော

တန်းတက်လိဒ်ယူနိုက်တက်အသင်းနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမယ်လို့ တိုက်စစ်မှူးသစ် ရိုဒရီဂိုက ပြောပါတယ်။  လိဒ်ယူနိုက်တက်အသင်းဟာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို စံချိန်တင်ပြာင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။  အသက် ၂၉ နှစ်ရှိ စပိန်တိုက်စစ်မှူး ရိုဒရီဂိုအတွက် ကနဦး ပေါင်၂၆ သန်းပေးချေခဲ့ရပြီး ခြေစွမ်းအပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၉ သန်းပေးချေရမယ်လို့ သိရပါတယ်။  ရိုဒရီဂိုဟာ လိဒ်ယူနိုက်တက် နဲ့  ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး  ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ဆီကို တန်းတက်နိုင်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းအတွက် လာမယ့်ရာသီဟာ အရေးပါနေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားချင်တာကြောင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ရိုဒရီဂိုက ပြောပါတယ်။  ကစားသမားဘဝအတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို  ဖြည့်ဆည်းသွားချင်တယ်လို့ ဆိုပါတယ်။
1 year Ago
Up