စိန့်အက်တီယန်

A d v e r t i s e m e n t With Us

July 9, 2019

ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို အာဆင်နယ် ခေါ်ယူရန် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ပြင်သစ်ကလပ် စိန့်အက်တီယန် နောက်ခံလူ ဆယ်လီဘာဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆယ်လီဘာကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း ပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိန့်အက်တီယန်အသင်းဘက်ကတော့ ဆယ်လီဘာကို အသင်းမှာပဲ တရာသီ အငှားပြန်ချပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဆယ်လီဘာဟာ အရပ် ၆ ပေ ၄ လက်မ မြင့်မားပြီး ၂၀၁၆ ခုနှစ်ကမှ စိန့်အက်တီယန် အသင်းကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
2 years Ago

June 17, 2019

အာဆင်နယ်က စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာကို ခေါ်ရန် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ပြင်သစ်လူငယ်လက်ရွေးစင် ၀ီလီယံ ဆာလီဘာကို မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာလို့ သိရပါတယ်။ ဗဟိုနောက်ခံလူ ဆာလီဘာဟာ စိန့်အက်တီယန်အသင်းမှာ ခြေစွမ်းပြသနေသူဖြစ်ပြီး အာဆင်နယ်အသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဆာလီဘာဟာ ပြင်သစ် ယူ ၁၆၊ ၁၇၊ ၁၈နဲ့ ၁၉ လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး အလားအလာရှိတဲ့ နောက်ခံလူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အာဆင်နယ်နောက်တန်းမှာ အသက်အရွယ်ရလာပြီဖြစ်တဲ့ အသင်းခေါင်းဆောင် ကိုစီယယ်နီ၊ အမှားများခဲ့တဲ့ မူစတာဖီနဲ့ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ဟိုးလ်ဒင်းတို့ကြောင့် ဆာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။
2 years Ago
Up