စိန့်ပက်ထရစ်ပွဲတော်

March 18, 2019

စိန့်ပက်ထရစ်ပွဲတော် ဗြိတိန်တော်ဝင်မင်းသားနှင့် ကြင်ယာတော် တက်ရောက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ စိန့်ပက်ထရစ်ပွဲတော်ကို ဗြိတိန်တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ တက်ရောက်ခဲ့ကြပါတယ်။ စစ်ဝတ်စုံပြည့် ၀တ်ဆင်ထားထားတဲ့ မင်းသားဝီလျံက စစ်ရေးပြချီတက်တာကို ဗိုလ်ရှုသဘင် စင်ပေါ်ကနေ အလေးပြုစောင့်ကြည့်ခဲ့ပြီး  အစိမ်းရောင်ရင့် ၀တ်စုံဝင်ဆင်ထားတဲ့ ကြင်ယာတော်ကိတ်ကလည်း အိုင်းရစ်အမျိုးသား သင်္ကေတဖြစ်တဲ့ နှလုံးပုံ အစိမ်းရောင် သစ်ပင် လေးတွေကို အရာရှိတွေဆီ လက်ဆောင်ပေးခဲ့ပါတယ်။ ငါးရာစုနှစ်လောက်က ပေါ်ထွန်းခဲ့တဲ့ သူတော်စင် စိန့်ပက်ထရစ် ကွယ်လွန်တဲ့ အထိမ်းအမှတ်အဖြစ် အဲဒီရိုးရာပွဲတော်ကို နှစ်စဉ် ကျင်းပကြတာပါ။ အိုင်ယာလန် အမျိုးသားနေ့အဖြစ်လည်း လူသိများပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အဲဒီပွဲတော်ကို သိန်းချီတဲ့လူတွေ လာရောက် ကြည့်ရှု လေ့ရှိကြပါတယ်။ မြောက်အိုင်ယာလန်ဒေသမှာတော့ စိန့်ပက်ထရစ်ပွဲတော် ကျင်းပနေတဲ့ အခမ်းအနားတခုမှာ လူအုပ်နင်းလို့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာလည်း ချီကာဂိုမြစ်ကို အစိမ်းရောင် ဆိုးဆေးတွေနဲ့ အရောင်ဆိုးပြီး စိန့်ပက်ထရစ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။
3 years Ago
Up