‘စိန်ခေါ်မှုများနဲ့စစ်ခင်းသူ အခြားဆောင်းပါများ’ စာအုပ်မိတ်ဆက်ပွဲ

January 13, 2019

‘စိန်ခေါ်မှုများနဲ့စစ်ခင်းသူ အခြားဆောင်းပါများ’ စာအုပ်မိတ်ဆက်ပွဲ

ဆရာဇင်လင်းရဲ့ ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ  စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်များရဲ့အကြောင်းကို သမိုင်းအထောက်ထားတွေနဲ့ ပြုစုကာ ရေးသားထားတဲ့ ‘စိန်ခေါ်မှုများနဲ့စစ်ခင်းသူ အခြားဆောင်းပါများ’ စာအုပ်မိတ်ဆက်ပွဲကို မြန်မာဘုတ်ပလာဇာမှာ မနေ့က ကျင်းပခဲ့ပါတယ်။ စာအုပ်မိတ်ဆက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြန်ကြားရေးတာဝန်ခံမုံရွှာ ဆရာအောင်ရှင်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်းစီ ဒုဥက္ကဋ္ဌ (၂) ဆရာထက်မြက်၊ စာပေအသိုင်းအဝိုင်း၊ မီဒီယာအသိုင်းအဝိုင်း၊ ၇၄/၇၅ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ စာပေမြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။ စာအုပ်ကို ဆိပ်ကမ်းသာစာပေ ဆိုင်အမှတ် ၁၃ ပလာဇာဈေးသစ် ၃၈ လမ်းနဲ့ ဆိပ်ကမ်းသာ လမ်းကြားမှ ဖြန့်ချိမှာဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲမှာ ဆရာဇင်လင်းက ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်းသားကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံကို အလှူငွေ ကျပ်  ၁ သိန်းနဲ့ စာအုပ် ၅၀ လှူဒါန်းခဲ့ပါတယ်။ သတင်းဓာတ်ပုံ-လွင်မှိုင်း
2 years Ago
Up