စိန်သရဖူချီးမြှင့်မည့် Miss Universe Mandalay 2018 အလှမယ်ပြိုင်ပွဲ ကျင်းပမည်

June 26, 2018

စိန်သရဖူချီးမြှင့်မည့် Miss Universe Mandalay 2018 အလှမယ်ပြိုင်ပွဲ ကျင်းပမည်

၂၀၁၈ ခုနှစ် Miss Universe Mandalay အလှမယ်ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၈ ရက်နေ့ မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပသွားဖို့ရှိပါတယ်။ ဒီပြိုင်ပွဲဟာ ၄ ကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး အဆိုတော် မရန်ဆိုင်းနော်ရဲ့ Maran Entertainment က စီစဉ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ရတဲ့ အလှမယ်ကို စိန်သရဖူ ချီးမြှင့်မှာ ဖြစ်ပြီး Miss Universe Myanmar 2019 မှာ ၀င်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။     First Runner Up နဲ့ Second Runner Up ဆုရရှိတဲ့ အလှမယ်တွေကိုတော့ ငွေ ကျပ် ၁၀ သိန်းနဲ့ ၅ သိန်းစီအပါအ၀င် တခြား Title ဆုတွေလည်း ပေးအပ်သွားဖို့ရှိပါတယ်။
3 years Ago
Up