တရုတ်နိုင်ငံမှ အသစ်စက်စက်မင်္ဂလာစုံတွဲတတွဲဟာ မင်္ဂလာအခမ်းအနား ကျင်းပ စဉ်မှာ လုပ်ရိုးလုပ်စဉ် စိန်လက်စွပ်ချင်း လဲလှယ်ရမယ့်အစား စပါးကြီးမြွေတကောင်စီကို လဲလှယ်ခဲ့ကြပါတယ်။
ဒီမင်္ဂလာပွဲကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဂျီလင်းခရိုင်၊ ဂျီလင်းမြို့မှာ ကျင်းပခဲ့ တာလို့ စီစီတီဗွီသတင်းမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။
အခမ်းအနားမှာ သတို့သားဖြစ်သူက အလေးချိန် ၂၀ ကီလိုဂရမ်ရှိတဲ့ ထိတ်လန့်ဖွယ် စပါးကြီးမြွေအထီးတကောင်ကို ပေးခဲ့တာဖြစ်ပြီး သတို့သမီးဖြစ်သူကတော့ အလေး ချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ စပါးကြီးမြွေအမတကောင်ကို ပြန်ပေးခဲ့တာကို တွေ့ရပါတယ်။
သူတို့ ၂ ဦးစလုံးဟာ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စေတနာ့ ၀န်ထမ်းတွေဖြစ်ကြပြီး ဒီမြွေကြီး ၂ ကောင်ကို ခရီးတခုအတူသွားခဲ့ချိန်မှာ လမ်းမပေါ် လဲ လျောင်းနေတာကို တွေ့ခဲ့ရပြီး ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
သူတို့အနေနဲ့ တွားသွားသတ္တ၀ါတွေဟာ သူတို့နဲ့အတူ ကြီးမားတဲ့ ဆက်နွယ်မှုတခု ရှိနေတယ်ဆိုတာကို မြှင့်တင်ချင်တာလို့ သတင်းက ဆိုပါတယ်။
ဒါပေမယ့် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရတော့ ဒေသခံပြည်သူတွေအနေနဲ့ သား ရိုင်းတိရစ္ဆာန်တွေကို အိမ်မှာမွေးမြူထားရှိဖို့ကို အားမပေးပဲ သူတို့ ၂ ဦးဟာ ဒီမြွေကြီး ၂ ကောင်ကို သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးစင်တာဆီ ပို့မပို့ဆိုတာကို ဝေခွဲမရနိုင်အောင် ဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
4 years Ago