အမေရိကန် လူမည်း ဂျော့ဂျ်ဖလွိုက်သေဆုံးမှုကို ဆန့်ကျင်တဲ့ စိန့်လူးဝစ်မြို့ ဆန္ဒပြပွဲအတွင်း ဇွန် ၂ ရက်က ရဲဝန်ထမ်း ၄ ယောက် သေနတ်ပစ်ခံရပါတယ်။
ဒါဟာ မငြိမ်သက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်ခေါ်ယူသွားမယ်လို့ သမ္မတထရမ့် မိန့်ခွန်းပြောကြားပြီး နာရီပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။
ရဲဝန်ထမ်း ၃ ယောက်ဟာ ခြေထောက်မှာ သေနတ်ဒဏ်ရာရခဲ့ပြီး တစ်ယောက်ကတော့ လက်မှာ ဒဏ်ရာရခဲ့တယ်လို့ NBC သတင်းက အစီရင်ခံပါတယ်။
ဆန္ဒပြသူ ၂၀၀ ခန့်ဟာ ထိန်းမနိုင်သိမ်းမရ လုယက်ပြီး ရဲဝန်ထမ်းတွေကို မီးရှူးတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ စိန့်လူးဝစ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
ဇွန် ၂ ရက်မှာပဲ ဝါရှင်တန်မြို့ လင်ကွန်းအထိမ်းမှတ် အဆောက်အဦအနီးမှာ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆန္ဒပြသူ တချို့က ရဲတွေကို ရေပုလင်းတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တာကို မြင်တွေ့ရပါတယ်။
8 months Ago