စိန့်ပီတာစဘတ်မြို့

April 5, 2020

စိန့်ပီတာစဘတ်မြို့ဆေးရုံတခုက ဆေးဝန်ထမ်းများ ကာကွယ်ရေးဝတ်စုံများ လိုအပ်

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ပိုစကော့ဗ်စခါယာဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆေးကုသရေး ဝန်ထမ်းတွေက သူတို့မှာ ဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ဘေးကင်းကင်း ကုသဖို့ တကိုယ်တော် ကာကွယ်ရေးဝတ်စုံတွေ လိုနေတယ်လို့ မီဒီယာကတဆင့် မေတ္တာရပ်ခံလိုက်ပါတယ်။ လူနာဆောင် တဆောင်လုံးမှ ဝတ်စုံ တစုံ နှစ်စုံသာ ရထားတယ်လို့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်တဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။  လူနာဆောင်ထဲမှာ အသက်ရှူ အားကူစက် တလုံး ၂ လုံးပဲ ရှိလို့ ကူးစက်ခံ လူနာတွေနဲ့ အလုပ်လုပ်ဖို့ မလုံလောက်ဘူးဆိုတာ ရှင်းပါတယ်။  တိုင်ကြားချက်ကို ဖြေရှင်းပေးမယ်လို့ စီမံရေးဌာနက ကတိပေးပေမယ့် ကျနော်တို့ အသက် တွေ၊ နီးစပ်သူတွေရဲ့ အသက်တွေကလည်း အရေးကြီးတယ်လို့ နာမည်မဖော်တဲ့ ဆေးဘက် ဝန်ထမ်း တယောက်က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေ အလျှံပယ် ရောက်လာမယ့် အခြေအနေအတွက် ပြင်ဆင်ဖို့ ဆေးရုံဟာ ဧပြီလ ၂ ရက်က စပြီး ရက်ချိန်းပေး ဆေးကုသမှုကို ရပ်ခဲ့တယ်လို့ ဒေသခံ မီဒီယာ ဖွန်တန်ကာက ဆိုပါတယ်။ ဆေးဝန်ထမ်းတွေဟာ အသက်ရှူအားကူစက်တွေ အပါအဝင် ပစ္စည်းကိရိယာတွေ ပိုတပ်ဆင်ပေးဖို့ ဆေးရုံစီမံခန့်ခွဲရေးကို စာရေးသား တောင်းဆိုပေမယ့် အငြင်းခံခဲ့ ရတယ်လို့လည်း ပြောပါတယ်။  ဆေးရုံအကြီးအကဲကတော့ ဆေးဝန်ထမ်းတွေ ပြောဆိုချက် မမှန်ဘူးလို့ ဒေသခံ မီဒီယာကို ငြင်းဆိုခဲ့ပါတယ်။
1 year Ago
Up