စိတ်ဓာတ်မြှင့်တင်

February 29, 2020

စိတ်ဓာတ်မြှင့်တင်ပေးရန် မန်ယူကစားသမားများနှင့် တိုင်ဆန်ဖူရီ တွေ့မည်

မန်ယူအသင်းသားတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ ဗြိတိန်ဖိုက်တာ ဖူရီဟာ ပြီးခဲ့တဲ့ စနေနေ့က ပြိုင်ဘက်ဖြစ်သူ အမေရိကန် လက်ဝှေ့သမား ဝဲလ်ဒါကို ၇ ချီ မြောက်မှာ အနိုင်ရခဲ့ပြီး ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ရယူနိုင်ခဲ့တာဖြစ် ပါတယ်။ Metro သတင်းစာရဲ့ဖော်ပြချက်အရ မန်ယူအသင်းတာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖူရီကို သူကျော်ဖြတ်နိုင်ခဲ့တဲ့ စိန်ခေါ်မှု တွေအကြောင်းနဲ့ ပတ်သက်လို့ ယူနိုက်တက်အသင်းသားတွေကို မျှဝေပေးစေလိုတာ ဖြစ်ပါတယ်။ ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီကို အမေရိကန်သမ္မတ ထရမ့်ကိုယ်တိုင်လည်း အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားသလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ဗာတီကန်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတယ်လို့သိရပါတယ်။
1 year Ago
Up