စိတ်ကြွရူးသွပ်ဆေးပြား

A d v e r t i s e m e n t With Us

January 2, 2021

မော်လမြိုင်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့  မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၁၁း၃၀ အချိန်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်းမှာ မူးယစ်ဆေးဝါး သယ်လာကြောင်း သတင်းအရ Probox အမျိုးအစား မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်ဟာ ညနေ ၁၅း၀၀ အချိန်လောက် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းမှာ ရပ်တန့်သွားလို့ စစ်ဆေးရှာဖွေရာ ၎င်းယာဉ်ပေါ်မှာ စိုးလင်းဦး(ခ)ပြောင်လေးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားနဲ့အတူ တွေ့ရှိခဲ့ပါတယ်။ အဆိုပါမော်တော်ယာဉ်အနီး စိတ်ကြွရူးသွပ်ဆေးပြားတွေ လက်ခံမယ့် တင်မျိုးလတ်(ခ)ဖိုးခွား၊ စောလှမျိုးကျော်(ခ)ဆင်ပြာ၊ ခမ်းပါ(ခ)ရှမ်း တို့ကို BORGWARD အမျိုးအစားမော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၄ ဦးကို  မော်လမြိုင်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
2 months Ago

December 23, 2020

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

လွိုင်လင်မြို့နယ်မှာ ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူးယစ်ဆေးဝါးပမာဏ အများအပြားသယ်ဆောင်လာကြောင်း သတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီအချိန်က လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ လွိုင်လင်မြို့ဘက်က တောင်ကြီးမြို့ဘက်ကို အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်း ရဲလှိုင်ဝင်း နဲ့ အတူ ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်ပေါ်မှာ ပန်းနှမ်းအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲလှိုင်ဝင်း ၅၀ နှစ်အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို လဲချားမြို့ကနေ တောင်ကြီးမြို့သို့ သယ်ဆောင်မှာဖြစ်ပြီး ကွင်းဆက်တရားခံတွေ ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
2 months Ago
More News
Up