စိတ်ကြွဆေးပြား ၃ သိန်း

A d v e r t i s e m e n t With Us

June 15, 2020

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်တွင် စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်ထဲမှာ နယ်စပ်မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ကျေးရွာအုပ်စုမှူးလက်ထောက် ၁ ဦးကို စိတ်ကြွဆေးပြား ၃ သိန်းနဲ့အတူ ဖမ်းဆီး ရမိတယ်လို့ မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ဇွန်လ ၁၄ ရက် မနက်ပိုင်းက အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်လက်အောက်ခံ တာဝန်ရှိသူတွေဟာ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ငေါင်းမြို့နယ်ရှိ အဝေးပြေးလမ်းမပေါ် စောင့်ကြပ်စစ်ဆေးနေစဉ် အသစ်စက်စက် တိုယိုတာဝီးကို့ ကားတစ်စီးက ရပ်မပေးဘဲ ဂိတ်ကို ဖြတ်မောင်းသွားလို့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။  အဆိုပါ ကားကိုစစ်ဆေးကြည့်ရာမှာတော့ အိတ် ၃ အိတ်ထဲ ထည့်ထားတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၃ သိန်းခန့်တွေ့ရှိပြီး ကားမောင်းသူ နဲ့ ကားပေါ်ပါလာသူ ၂ ဦးကို ဖမ်းဆီးလိုက်တာပါ။  စစ်ဆေးမေးမြန်းချက်အရ ကားမောင်းသူမှာ  နိုင်းပီတာမန့်ဖတ်ထနားကန် ဆိုသူဖြစ်ပြီး သူဟာ ချင်းရိုင်းခရိုင် ဝိန်းကဲန်မြို့နယ် ပေါ်ကျေးရွာအုပ်စုက ရပ်/ကျေးအုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်လိုက်လာသူကတော့ သူ့ရဲ့ ဇနီးနဲ့ ယောက်ဖ ဖြစ်ပါတယ်။  သူတို့ဟာ အဆိုပါမူးယစ်ဆေးဝါးတွေကို ချင်းရိုင်းခရိုင်ထဲက နေရာတစ်နေရာမှာ သွားသယ်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို ပို့ဆောင်ပေးဖို့ဖြစ်ကြောင်း၊ မူးယစ်ဆေးတွေကို ပိုင်ရှင် ဘယ်သူဆိုတာ မသိရဘဲ သူတို့က လမ်းဘေးမှာချထားပေးခဲ့ပြီး သွားယူရတာလို့ နိုင်းပီတာက ပြောပါတယ်။  တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းရာမှာတော့ ပီတာဟာ ထိုင်းတောင်ပေါ်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး မူးယစ်ဆေးနဲ့ ပတ်သက်နေတာကြာပြီဖြစ်ကြောင်း၊ သူဟာ နယ်စပ်ဒေသ မူးယစ်ဆေး သယ်ဆောင်မှုမှာ အဓိကကျသူတဦးလည်း ဖြစ်တာမို့ မူးယစ်မှုနဲ့ အရေးယူခံရမှာ ဖြစ်တဲ့အပြင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးလည်း အသိမ်းခံရမယ်လို့ တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။ 
9 months Ago
Up