စိတ်ကြွဆေးပြား ၂ သိန်း

January 12, 2020

ဗန်းမောက်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ၂ သိန်းခန့် ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ မနေ့ညက ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြား ၂ သိန်းလောက် ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ လိပ်စောရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်မြို့နယ်၊ ရွှေကျောင်းကျေးရွာအနီးမှာ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၇ နာရီလောက်က  အောင်နိုင်ဦး (၂၆-နှစ်)ကို တွေ့ရှိ စစ်ဆေးရှာဖွေရာ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာပါ။ ပီနံအိတ်အတွင်းမှ ဆပ်ပြာခွက် ၆ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ဝ ဒသမ ၀၆ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ပြီး အောင်နိုင်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
1 year Ago
Up