စိတ်ကြွဆေးပြားများ

July 5, 2020

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနောက်ဘက်ရှိ တောင်ခြေမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြားကို ပိုင်ရှင် (စိစစ်ဆဲ) အား ဖမ်းဆီးမိခဲ့ပါတယ်။ အလားတူ ဇူလိုင်လ ၃ ရက်နေ့ မနက် ၉ နာရီခွဲလောက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ စခန်းသာကျေးရွာနေ မအားမီရဲ့ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၁၂၆ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ပိုင်ရှင်(စိစစ်ဆဲ) နဲ့ မအားမီ (၄၄-နှစ်)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
2 years Ago

May 22, 2020

ထီးချိုင့်မြို့နယ်တွင် ကျပ်သိန်း ၁,၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ ငွေကျပ်သိန်း ၁,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ကမ်းနီရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ထီးချိုင့်မြို့နယ်၊ ချိတ်သင်းကျေးရွာလမ်းဆုံ၊ မန္တလေး-ဗန်းမော်သွားကားလမ်းမှာ မေ ၂၀ ရက်နေ့ ည ၁၀ နာရီလောက်က မနော မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာက ဖမ်းဆီးမိခဲ့တာပါ။ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး မနော (၁၉) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
2 years Ago
Up