စိတ်ကြွဆေးပြား

September 15, 2021

မိတ္ထီလာတွင် တစ်သောင်းတန်ငွေစက္ကူအတုနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေတိုင်း မိတ္ထီလာမြို့နယ် ပျဉ်သာရွာ ဘုရားကြီးဘုန်းတော်ကြီကျောင်းမှာ စက်တင်ဘာလ ၁၄ ရက်ညက တစ်သောင်းတန်ငွေစက္ကူအတုတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်တော့ကွန်ပျူတာ ကာလာပရင်တာနဲ့ တစ်သောင်းတန်ငွေစက္ကူအတုတွေရယ်၊ A4 စာရွက်ပေါ်မှာ တစ်သောင်းတန်အတု ရိုက်နှိပ်ထားတာတွေရယ်၊ စိတ်ကြွဆေးပြားတွေရယ် တွေ့တယ်၊ ကျောင်းထိုင်ဆရာတော်နဲ့ ဒုလ္လာဘဦးဇင်းတစ်ပါး အမျိုးသားတစ်ဦးတို့ ဖမ်းဆီးသွားတယ်" လို့ ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဦးပဝရ (ခ) မျိုးတင့်ထူး နဲ့ ဒုလ္လာဘဦးဇင်း ဦးသောမန (ခ) သန်းတိုးအောင် ရဲဝင်ထွန်းတို့ ၃ ဦးကို စိတ်ကြွဆေးပြားများ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုပစ္စည်းတွေ၊ လက်တော့ကွန်ပျူတာတစ်လုံး၊ ကာလာပရင်တာတစ်လုံး၊ တစ်သောင်းတန်ငွေစက္ကူ ရိုက်နှိပ်ထားတဲ့ စာရွက်တွေနဲ့အတူ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

1 month Ago

September 3, 2021

ပြည်ကြီးတံခွန်တွင် ကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီက ကာလတန်ဖိုး ကျပ် ၅ ဒသမ ၉၂၅ ဘီလီယံရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ (ဆ)ရပ်ကွက်၊ ၆၁ လမ်း၊ ၁၃၀ လမ်းနဲ့ ၁၃၁ လမ်းကြား၊ အမှတ် ၇၀/၇၁ ရှိ ဒေါ်စိန်ဌေးရဲ့ နေအိမ်နဲ့တွဲလျက် ဂိုဒေါင်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဒေါ်စိန်ဌေးကိုလည်း တွေ့ရှိခဲ့ပြီး ဂိုထောင်ထဲမှာ မီးသွေးအိတ်တွေနဲ့ ဖုံးအုပ်သိုဝှက်ထားတဲ့ ဆာလာအိတ် ၁၆ အိတ်တွင်း ထည့်ထားတဲ့ ကာလတန်ဖိုး ကျပ် ၅ ဒသမ ၉၂၅ ဘီလီယံရှိ စိတ်ကြွဆေးပြား ၃၉၅၀,၀၀၀ နဲ့အတူ မူးယစ်ဆေးသယ်ရာမှာသုံးတဲ့ ဖူဆိုအမျိုးအစား ၁၀ ဘီးယာဉ် ၁ စီး ၊တိုယိုတာ ဒိုင်နာမော်တော်ယာဉ် ၁ စီး၊ တိုယိုတာတောင်းအေ့စ်မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်စိန်ဌေးကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်ပြီး စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

2 months Ago
More News
Up