စိတ်​​ဖောက်​ပြန်​​နေသည့်သား၏ ရိုက်​နှက်​မှု​ကြောင့် ဖခင်​​သေဆုံး

March 26, 2018

စိတ်​​ဖောက်​ပြန်​​နေသည့်သား၏ ရိုက်​နှက်​မှု​ကြောင့် ဖခင်​​သေဆုံး

  မ​ကွေးတိုင်း​ဒေသကြီး တောင်​တွင်းကြီးမြို့နယ်​ ကံ​ပေးကြီးကျေးရွာအုပ်​စု တလုပ်​ပင်​​ကျေးရွာမှာ မတ်​ ၂၅ ရက်​ ည ၁၀ နာရီခွဲလောက်က   စိတ်ဖောက်ပြန်နေတဲ့ သားဖြစ်သူရိုက်နှက်လို့ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဆတ်သွားရဲစခန်းက သိရပါတယ်။ တလုပ်ပင်ရွာခွဲတာဝန်​ခံ ဦး​မောင်​စိုးက"တစ်​လမ်း​ကျော်​ ဦးခင်​​မောင်​မြင့် (၆၅ နှစ်​) အိမ်​ဘက်​မှဆူညံသံတွေကြားလို့ ကို​မောင်​ထွန်း၊ ဦး​မောင်​လှိုင်​၊ ကိုစံဖဲတို့နဲ့ သွား​ရောက်​ ကြည့်တော့ ဦးခင်​​မောင်​မြင့်မှာ ​နေအိမ်​​မြောက်​ဘက်​တွင်​​သေဆုံး​နေပြီး အနီးမှာလည်း ဘုန်း​မောင်​မြင့် (၂၈ နှစ်)​မှာ ဝဲလက်​မှာ အရှည်​ (၂)​တောင်​ခန့်​ရှိ ပျဉ်​​ချောင်း(၁)​ချောင်း၊ အရှည်​(၂) ​တောင်​ခန့်​ရှိ ဝါယာကြိုး(၁)​ချောင်းကို ကိုင်​​ဆောင်​ထားတာ​ကို​တွေ့ရသလို ဦးခင်​​မောင်​မြင့်ရဲ့ လည်​ပင်းမှာ​ ညိုမဲ(ကြိုးဒဏ်​ရာ) ဝမ်းဗိုက်​မှာ ပွန်းခြစ်​ဒဏ်​ရာ ၂ ချက်​​တွေ့ရတယ်" လို့ ပြောပါတယ်။ ဦးခင်​​မောင်​မြင့်တို့​နေအိမ်​မှာ သားအဖနှစ်​ဦးသာ ​နေထိုင်​ပြီး ကျန်တဲ့မိသားစုဝင်တွေ ကတော့ ထိုင်းနိုင်​ငံသို့ သွား​ရောက်​အလုပ်​လုပ်​ကိုင်​​နေ​ကြောင်း၊ လွန်​ခဲ့​တဲ့ ၇ လလောက်က စကာ ဘုန်း​မောင်​မြင့် မကြာခဏ စိတ်​​ဖောက်​ပြန်​လို့ ထိုင်းနိုင်​ငံကနေ နေအိမ်​သို့ ပြန်​လည်​​ရောက်​ရှိလာသူဖြစ်​​တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုန်းမြင့်မောင်​ (၂၈ နှစ်)ကို ဥပ​ဒေအရအ​ရေးယူ​ပေးဖို့ ရွာခွဲ တာဝန်​ခံဦး​မောင်​စိုးက တရားလိုပြုတိုင်​တန်းခဲ့ပြီး ဆတ်​သွားနယ်​​မြေ ရဲစခန်းမှ(ပ) ၄၄/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ(၃၀၂)နဲ့ အမှု​ဖွင့်ထားပါတယ်။ သားကြီး (တောင်တွင်းကြီး)
4 years Ago
Up